လိပ်သို ဩဂုတ် ၁၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိုးရာသီကျောင်းတွင်းအားကစားလှုပ်ရှားမှု ကျောင်းကောင်စီဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် တတိယလုပွဲကို အဆိုပါကျောင်း ဘောလုံးကွင်း၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲမစတင်မီ တာဝန်ခံကျောင်းအုပ်ဆရာမ ဒေါ်နော်ဒိုနီးရှာက အမှာစကားပြောကြားပေးပြီး ကျောင်းသူများက ပန်းစည်းများပေးအပ်ခြင်းတို့ ပြုလုပ်ပြီးနောက် အငယ်တန်းဗိုလ်လုပွဲနှင့် တတိယလုပွဲများကို ယှဉ်ပြိုင်ကျင်းပခဲ့ရာ ကျန်စစ်သားအသင်းက ပထမ၊ ဗန္ဓုလအသင်းက ဒုတိယနှင့် အနော်ရထာအသင်းက တတိယရရှိခဲ့သည်။
ဆက်လက်၍ အကြီးတန်းဗိုလ်လုပွဲနှင့် တတိယလုပွဲကို ကျင်းပခဲ့ရာ အနော်ရထာအသင်းက ပထမ၊ ဘုရင့်နောင်အသင်းက ဒုတိယနှင့် ကျန်စစ်သားအသင်းက တတိယရရှိခဲ့သည်။ ပြိုင်ပွဲတစ်လျှောက်တွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက ပျော်ရွှင်စွာ အားပေးခဲ့ကြပြီး ဆုများကို ပညာရေးစုံညီပွဲတော်တွင် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)