မိုင်းဖြတ်မြို့နယ်၌ ​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်​ဆေး

မိုင်းဖြတ် သြဂုတ် ၁၉

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယမန်​နေ့နံနက်ပိုင်းက စိုက်ပျိုး​ရေး၊  စိုက်ပျိုး​ရေရရှိ​ရေးနှင့် ​ကျေးရွာစာကြည့်တိုက်များကို ကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီ​အောင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိဌာနဆိုင်ရာများသည် နမ့်ကုန်းကျေးရွာအုပ်စု၊ ဟောင်ဟင်ကျေးရွာ၊ ကွင်းအမှတ် ၂၆ (က) တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဆင်းဧကရီ (၃) မိုးစပါး (၅) ဧက စံပြစိုက်ခင်းဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့​နောက် ကချင်စံပြကျေးရွာရှိ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ(၁၈.၀၀)သန်းဖြင့် ဆိုင်ဆတ်ရေလွှဲဆည်တွင် Bed Floor (၈၀​ပေ×၁၅​ပေ) Slope (၁၅​ပေ×၇​ပေ၊၆လက်မ) ကျောက်ပန်းရံဆောင်ရွက်ခြင်း ဆောင်ရွက်ပြီးစီးမှုအ​ခြေအ​နေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့​ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဆိုင်း​လေ​ကျေးရွာရှိ စာပန်း​ဝေ​ဝေစာကြည့်တိုက်၏ မြေပြင်အ​ခြေအ​နေများကို ကြည့်ရှုစစ်​ဆေးခဲ့ပြီး ​ကျေးရွာစာကြည့်တိုက်​ကော်မတီဝင်များနှင့်တွေ့ဆုံ၍ စာကြည့်တိုက် ဥပဓိရုပ်​ကောင်းမွန်​စေ​ရေး၊ ရှင်သန်ခိုင်မာ​သည့် စာကြည့်တိုက်ဖြစ်​စေ​ရေးအတွက် လမ်းညွှန်မှာကြားခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)