Sunday Dhamma School ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားလာစေရန် နယ်လှည့်စာကြည့်တိုက်သွားရောက်ဆောင်ရွက်

မိုင်းနောင် ဩဂုတ် ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများသည် Sunday Dhamma School ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားလာစေရန်အတွက် နယ်လှည့်စာကြည့်တိုက်ကို  ယမန်နေ့ နံနက် (၉) နာရီအချိန်က သွားရောက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးစာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များလာရောက် ငှားရမ်းနိုင်ခြင်းမရှိသော မြို့လယ်ဓမ္မာရုံရှိ Sunday Dhamma School ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်များမြင့်မားလာစေရန်နှင့် အသိပညာဗဟုသုတများရရှိ စေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်ကို သွားရောက်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ဌာနဆိုင်ရာရုံးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ အခြေခံပညာကြောင်းများသို့ စာအုပ်၊ စာစောင်များ ပုံမှန်သွားရောက် ငှားရမ်းပေးလျက်ရှိရာ ယခုလအတွင်း အ.ထ.က မိုင်းနောင်ကျောင်းနှင့် Sunday Dhamma School သို့ သွားရောက် ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

မနန်း(မိုင်းနောင်)