သတင်းများ

ငရုတ်ကောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
Aug 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အပြောစွမ်းရည်တိုးတက်လာစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ၂နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Grade – 5 တန်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ပုံပြင်ပြောပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ရမည်းသင်းမြို့၊ ရွှေသင်းဘိုးဘွားရိပ်သာ (၁၅)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနား ကျင်းပ
Aug 18,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ သီလဝ(၂)ရပ်ကွက်ရှိ ရွှေသင်းဘိုးဘွားရိပ်သာ (၁၅)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို ယနေ့နံနက်၆နာရီက ရွှေသင်းဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်သည်။
ကြံခင်းမြို့ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်မူခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
Aug 18,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း နည်းပြ သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ခရိုင်အဆင့် အရေးပြိုင်ပွဲကျင်းပ
Aug 18,2024
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ မအူပင်ခရိုင်အဆင့် အရေးပြိုင်ပွဲအား ယနေ့နံနက်(၁၀)နာရီက အဆိုပါခန်းမတွင် ကျင်းပပြုလုပ်သည်။
တပ်ကုန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ
Aug 18,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် MMKM Chinese Language Center တို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ Community Centre ခန်းမတွင် ကျင်းပသည်။
တောင်တွင်းကြီးမြို့နယ်တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်
Aug 18,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနှင့်အခြေခံပညာကျောင်းများမှ စာကြည့်တိုက်များ ရှင်သန်ဖွံဖြိုးတိုးတက်ရေး၊ စာကြည့်တိုက်အင်္ဂါရပ်နှင့်အညီ စနစ်တကျဖြစ်စေရေးအတွက် အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့စာကြည်တိုက် (community centre) ခန်းမ၌ ကျင်းပခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တောင်တွင်းကြီးမြို့နယ် ငှက်ပစ်တောင်ကျောင်းတိုက်ရှိ သွေးသန့်စင်စင်တာဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Aug 18,2024
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် သီရီပျံချီဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် တောင်တွင်းကြီးမြို့နယ် ငှက်ပစ်တောင်ကျောင်းတိုက် သွေးသန့်စင်စင်တာဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။