သတင်းများ

သံတောင်ကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်
Aug 19,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က သံတောင်ကြီးမြို့ အ‌ခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ နှမ်းစျေးကောင်းသဖြင့် နှမ်းစိုက်တောင်သူများ အဆင်ပြေ
Aug 19,2024
ကျောက်ဆည်မြို့နယ်၌ နှမ်းဈေးကောင်းသဖြင့် နှမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်းနှင့် ကာလပေါက်ဈေးမှာ နှမ်းနက်တစ်တင်းလျှင် ငွေကျပ်တစ်သိန်းသုံးသောင်းငါးထောင်ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် ငွေကျပ်(၁၅)သိန်း ရောင်းချရကြောင်း အထွက်နှုန်းကောင်းမွန်ပြီး ရောင်းချရာ၌ ဈေးကောင်းရသဖြင့် နှမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သပြေဝန်းကျေးရွာမှ နှမ်းစိုက်တောင်သူဦးညွှန်ဝင်းထံမှ သိရသည်။ 
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး
Aug 19,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့‌ကြောင်းသိရသည်။
ကန့်ဘလူမြို့နယ်၌ အဓိကသီးနှံ(၁၀)မျိုး ၃၅၆၀၀၀ ကျော် စိုက်ပျိုးပြီးစီးနေပြီဖြစ်
Aug 19,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍတိုးတက်ရေးနှင့် လျာထားချက်ပြည့်မီကျော်လွန်စေရေးအတွက် အဓိကသီးနှံ(၁၀)မျိုးကို မျှော်မှန်းချက် ပြည့်မီအောင် အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရတနာပုံတက္ကသိုလ်၌ နံ့သာဆောင်၊ မန္တလေးဆောင်နှင့် သီရိဆောင်(မောင်နှမဆောင်)မိသားစု မိတ်ဆုံစားပွဲနှင့် ဂီတပဒေသာကပွဲ ကျင်းပပြုလုပ်
Aug 19,2024
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ရတနာပုံတက္ကသိုလ်၌ နံ့သာဆောင်(ကျောင်းသူဆောင်)၊ မန္တလေးဆောင်(ကျောင်းသားဆောင်)နှင့် သီရိဆောင်(ကျောင်းသူဆောင်) မိသားစုတို့၏ မိတ်ဆုံစားပွဲနှင့် ဂီတပဒေသာကပွဲကို ယမန်နေ့နေ့လည် ၁၂နာရီက အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်သည်။
သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား ရိုဘတ်စတာကော်ဖီပျိုးပင်များ အခမဲ့ဖြန့်ဝေပေး
Aug 19,2024
နိုင်ငံတော်အနေဖြင့် ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိကာ လူမူစီးပွားဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် မျိုးကောင်း၊ မျိုးသန့်များရရှိစေရန်၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးနိုင်ရေး ကြိုးစားဆောင်ရွက်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီစိုက်ခင်း ၃‌ ခုမှ မြို့နယ်အတွင်းရှိ တောင်သူများအား ရိုဘတ်စတာကော်ဖီပျိုးပင် ၁ သိန်းကျော်အား အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
လိပ်သိုမြို့တွင် သမ္မာကျမ်းစာတော်မြတ်နေ့ အထူးဆုတောင်းဝတ်ပြုပွဲနှင့် ကျမ်းစာရွတ်ပြိုင်ပွဲ ပြုလုပ်
Aug 19,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ဂေခိုဂေဘားနှစ်ခြင်းသာသနာ လိပ်သိုမြို့ ကရင်နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီခွဲမှစတင်၍ သမ္မာကျမ်းစာတော်မြတ်နေ့ အထူးဝတ်ပြုဆုတောင်းပွဲနှင့် ကျမ်းစာရွတ်ပြိုင်ပွဲ ဓမ္မသီချင်းဆိုပြိုင်ပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 19,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် (၂၅) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။