မိုင်းယောင်းမြို့နယ်တွင် စာကြည့်တိုက်တည်ဆောက်နိုင်ရန် ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်း ဩဂုတ် ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယနေ့နံနက်ပိုင်းက ဒွန်းနွဲ့ကျေးရွာတွင် နိုင်ငံတော်မတည်ငွေ ကျပ်သိန်း(၁၅၀)ဖြင့် စာကြည့်တိုက်တည်ဆောက်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် နိုင်ငံတော်မတည်ငွေ ကျပ်သိန်း(၁၅၀)ဖြင့် စာကြည့်တိုက်တည်ဆောက်မည့်မြေနေရာအား မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဝင်များ၊ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးလောထွေး၊ မြို့နယ်အမျိုးသမီးရောရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးအေးချို၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဒွန်းနွဲ့ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်စာရေး၊ ပြည်သူများ စုစုပေါင်းအင်အား (၁၁) ဦးနှင့်အတူကွင်းဆင်းကြည့်ရှုပြီး စာကြည့်တိုက်တည်ဆောက်နိုင်ရန် ဆွေးနွေးပွဲကျင်းပပြုလုပ်ကာ လိုအပ်ချက်၊ တင်ပြချက်များနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ လယ်ယာမြေတွင် ခွင့်ပြချက်မရှိဘဲ အခြားနည်းအသုံးပြုနေမှု ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်မင်းဆွေ၊ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဝင်များ စုစုပေါင်းအင်အား (၁၁)ဦးဖြင့် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)