သတင်းများ

ငဖဲမြို့နယ်တွင် ဇီဝဆိုင်ရာအချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများ ၁၅၄၄၃ ဦး ဆောင်ရွက်ပြီးစီး
Feb 02,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးပွားမောင်နှင့် ဝန်ထမ်းများက ဇီဝဆိုင်ရာအချက်အလက် Biometric ကောက်ယူစိစစ်ခြင်းနှင့် Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို ရပ်ကွက်/ကျေးရွာများသို့ နေ့စဉ်ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက စည်သာကျေးရွာသို့ သွားရောက်၍ ဇီဝဆိုင်ရာအချက်အလက် ကောက်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မော်လမြိုင်တက္ကသိုလ်၌ ကျင်းပသော ဥပဒေဆိုင်ရာသိကောင်းစရာဟောပြောပွဲတွင် မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ဟောပြောဆွေးနွေး
Feb 02,2024
မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ်၊ ဥပဒေပညာဌာနမှ ကျင်းပပြုလုပ်သော ဥပဒေဆိုင်ရာ သိကောင်းစရာဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် မော်လမြိုင်တက္ကသိုလ် အခန်းအမှတ် (၁၅)၊ ပင်မဆောင်၌ ကျင်းပခဲ့ရာ ဟောပြောပွဲတွင် မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က မြန်မာနိုင်ငံ၏ ဥပဒေဖြစ်တည်မှု၊ ခေတ်အဆက်ဆက် မြန်မာနိုင်ငံ၏ တရားဥပဒေများ ကျင့်သုံးမှု၊ (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အထူးဥပဒေများ၊ ဒေသန္တရဥပဒေများ၊ ယေဘုယျဥပဒေများ၊ ဓလေ့ထုံးတမ်းဥပဒေများနှင့် ရာဇဝတ်မှုများဆိုင်ရာ ကိစ္စရပ်များနှင့် သက်ဆိုင်သော ရာဇသတ်ကြီး၊ တရားမမှုဆိုင်ရာ ကိစ္စရပ်များနှင့်သက်ဆိုင်သော တရားမမှုစွဲဆိုခြင်းအကြောင်း၊ ပဋိညာဉ်အက်ဥပဒေအကြောင်း၊ စီးပွားရေးဥပဒေပညာအောင်လက်မှတ် ဒီပလိုမာသင်တန်းနှင့် ပတ်သက်၍ စီးပွားရေးဆိုင်ရာဥပဒေများအကြောင်း၊ စီးပွားရေးစာချုပ်စာတမ်းများအကြောင်းနှင့် လျှောက်လဲချက်ပေးခြင်း အနုပညာအကြောင်း၊ ဥပဒေဆိုင်ရာအထောက်အကူပေးရေး ဥပဒေအကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့သည်။
မောက်မယ်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရပ်ကွက်အတွင်း လှည့်လည်နှိုးဆော်
Feb 02,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပွင့်လင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်အတွင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ကားဖြင့် ယမန်နေ့နေ့လယ် ၁ နာရီခွဲက လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
မိုင်းယုမြို့၌ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ
Feb 02,2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ဌာနဆိုင်ရာ ရုံး/ အဆောက်အဦးများအား မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် ကွင်းဆင်းစစ်ဆေး
Feb 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) တွင် ပွင့်လင်းရာသီသို့ ကူး‌ပြောင်းလာပြီဖြစ်၍ ဌာနဆိုင်ရာ ရုံး/ အဆောက်အဦးများအား မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် မြို့နယ်မီးသတ်ဉီးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့နံနက် ၁၀ နာရီက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၃၇) ရပ်ကွက်ရှိ ရုံးဌာနများသို့ လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
အ.ထ.က (ခွဲ) ခလောက်သိုက်တွင် လူငယ်ရေးရာ ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းများ ကျင်းပ
Feb 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ခလောက်သိုက်ကျေးရွာ အ.ထ.က(ခွဲ) ခလောက်သိုက်ကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်( ၁ဝ)နာရီက ဆောင်ရွက်ခဲ့သည်။
မြောင်းမြမြို့တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ ‌တက်ရောက်နိုင်ရေး အသိပညာပေး ဟောပြောပွဲများ ကျင်းပ
Feb 02,2024
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဦးဆောင်၍ အခြေခံပညာကျောင်းများတွင် အလယ်တန်းအဆင့် (Grade 9) အောင်မြင်သော ကျောင်းသားကျောင်းသူများ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ ‌တက်ရောက်နိုင်ရေး အသိပညာပေး ဟောပြောပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
မိုးကောင်းမြို့၌ အခြေခံလူတန်းစားများအတွက် သက်သာဈေးအရောင်းဆိုင်ဖွင့်လှစ်ရောင်းချပေး
Feb 02,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန်များအား သက်သာဈေးနှုန်းဖြင့် ဝယ်ယူရရှိရေး သက်သာဈေးအရောင်းဆိုင်ကို ယမန်နေ့ နံနက်(၉)နာရီခွဲတွင်  ဈေးကုန်းရပ်ကွက် စည်ပင်သာယာဈေးအနီး၌ ဖွင့်လှစ်ရောင်းချသည်။