သတင်းများ

သစ်ခွတောင်ကျေးရွာတွင် နေအိမ်နံရံ၌ တွယ်တက်စေသောနည်းဖြင့် တောင်ပေါ်ကွမ်းကြမ်းများ စမ်းသပ်စိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်း
Aug 23,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ သစ်ခွတောင်ကျေးရွာတွင် နေအိမ်နံရံ၌ တောင်ပေါ်ကွမ်းကြမ်းပင်များကို တွယ်တက်စေသောနည်းဖြင့် စမ်းသပ်စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းကြောင်း သိရသည်။
နတ်တလင်းမြို့နယ်တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပ
Aug 23,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလ အစရှိသည့် ဗလငါးတန်အပါအဝင် အထွေထွေအသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က မြို့မ၌ ကျင်းပပြုလုပ်ခဲ့သည်။
ညောင်တုန်းမြို့၊ စဉ့်အိုးတန်း အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကျင်းပ
Aug 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊  အမှတ်(၅)ရပ်ကွက်ရှိ စဉ့်အိုးတန်း အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အာဟာရတိုက်ကျွေးခြင်းများ ဆောင်ရွက်
Aug 23,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား အာဟာရများတိုက်ကျွေးခြင်းကို ယနေ့နံနက် (၁၁) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပင်းတယမြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်းကျင်းပ
Aug 23,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်တန်းမြို့နယ်၊ ပါဒါကြီးစံပြကျေးရွာတွင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ မွမ်းမံစက်ချုပ်နည်း ပညာသင်တန်းဖွင့်လှစ်
Aug 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ပါဒါကြီးစံပြကျေးရွာ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ မွမ်းမံစက်ချုပ်နည်း ပညာသင်တန်းကို ယမန်နေ့ နံနက် (၁၀)နာရီက ကျောက်တန်းမြို့နယ်၊ ပါဒကြီးကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရွှေပြည်သာမြို့နယ် လူထုအခြေပြုဗဟိုဌာန CommunityCentre ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (BookCLub) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ
Aug 23,2024
ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(BookClub)တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ(၃)နာရီက Community Centre ခန်းမ၌ ကျင်းပသည်။
မြိတ်မြို့တွင် Gender (ကျား/မရေးရာ)၊ CEDAW (အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်)၊ NSPAW (အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း) အသိပညာပေးသင်တန်း ဖွင့်လှစ်
Aug 23,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် Gender(ကျား/မရေးရာ)၊ CEDAW(အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်)၊ NSPAW (အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း) အသိပညာပေးသင်တန်းကို မြိတ်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ မြိတ်မူလတန်းကြိုကျောင်းတွင် ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။