မက်မန်းမြို့နယ်တွင် အာသံလက်ဖက်မျိုးစိုက်ပျိုးခြင်း အောင်မြင်ဖြစ်ထွန်း
Feb 02,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ကွန်ဟောင်းကျေးရွာ ဘက်စုံစိုက်ပျိုးရေးခြံတွင် ဒေသခံလက်ဖက်စိုက်တောင်သူများ အာသံလက်ဖက်များ ကိုင်းကူး/ကိုင်းဖြတ်၍ လက်ဖက်မျိုးများ ပြန်လည်ဖြန့်ဝေနိုင်စေရန်နှင့် လက်ဖက်စိုက်နည်းပညာများ ဖြန့်ဝေပေးနိုင်စေရန် ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဘက်စုံစိုက်ပျိုးရေးခြံတွင် အာသံလက်ဖက်မျိုးများ စိုက်ပျိုးထားရှိရာ အော်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။