သာစည် ဩဂုတ် ၂၇
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အလွတ်တန်း(အမျိုးသား)ဘောလုံးပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များကို ယမန်နေ့ညနေ ၄ နာရီက မြို့နယ်ပြည်သူ့အားကစားပြိုင်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
ရှုံးထွက်ပွဲစဉ်အဖွင့်ပွဲစဉ်အဖြစ် အုပ်စု(က)မှအမှတ်(၁)ရပ်ကွက်အသင်းနှင့် အုပ်စု(ဂ)မှရွာကြီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ တစ်ဖက်တစ်ဂိုးသရေ ဖြစ်နေသောကြောင့် ပင်နတီအဆုံးအဖြတ် ကန်သွင်းရာ ရွာကြီးကျေးရွာအသင်းက အနိုင်ရရှိပြီး အကြိုဗိုလ်ပွဲသို့ တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။ ရှုံးထွက်ပွဲစဉ်များကို ဩဂုတ် ၂၉ ရက်အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ၂၇ ရက်တွင် အမှတ်(၃)နှင့် နွားထိုးအသင်း၊ ၂၈ ရက်နေ့တွင် ဘုရားငါးဆူနှင့် မြင်းကွက်အသင်း၊ ၂၉ ရက်နေ့တွင် ရွာပုလဲကြီးနှင့် ညွှန့်ပေါင်းအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ အကြိုဗိုလ်လုပွဲစဉ်များကို ဩဂုတ် ၃၁ ရက်နှင့်စက်တင်ဘာ ၁ ရက်နေ့တို့တွင်လည်းကောင်း တတိယနေရာလုပွဲကို စက်တင်ဘာ ၃ ရက်နေ့နှင့် ဗိုလ်လုပွဲကို စက်တင်ဘာ ၄ ရက်တို့တွင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပထမဆုကို ဆုဖလား၊ ရွှေတံဆိပ်လည်ဆွဲ နှင့် ဆုငွေ ၇ သိန်းကျပ်၊ ဒုတိယဆုကို ငွေတံဆိပ်လည်ဆွဲနှင့်ဆုငွေ ၅ သိန်းကျပ်၊ တတိယဆုကို ကြေးတံဆိပ်လည်ဆွဲနှင့် ဆုငွေ ၃ သိန်းကျပ်နှင့် နေရာအလိုက်အကောင်းဆုံးဆုများကိုလည်း တစ်ဆုလျှင် ဆုတံဆိပ်နှင့် ဆုငွေငါးသောင်းကျပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဦးဝင်းထွန်းဦးထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)