သတင်းများ

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခြေခံပညာနှင့်စက်မှု စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းတွင် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲများကျင်းပ
Feb 03,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲများကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ဘီးလင်းမြို့ အ.ထ.က(ဇုတ်သုတ်)ကျောင်း၌  စာဖတ်ရှိန် မြှင့်တင်ရေး လူငယ်စကားဝိုင်း ပြုလုပ်
Feb 03,2024
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား‌၊ကျောင်းသူများ စာဖတ်ရှိန် မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အထက (ဇုတ်သုတ်)ကျောင်း ပညာတံခွန်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးသီဟစိုးမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
စစ်ကိုင်းမြို့တွင် ဝန်ထမ်းများလုပ်ငန်းခွင် စွမ်းဆောင်ရည်မြှင့်မားရေး အထူးသင်တန်းဖွင့်
Feb 03,2024
စစ်ကိုင်းခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ဝန်ထမ်းများလုပ်ငန်းခွင် စွမ်းဆောင်ရည်မြှင့်တင်ရေး အထူးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများ သက်မှတ်ကာလပြီးစီးရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်
Feb 03,2024
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများ သက်မှတ်ကာလပြီးစီးရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးရအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။  
လွိုင်လင်မြို့မဈေးကြီးတွင် မီးငြှိမ်းသတ်မှုလက်တွေ့သရုပ်ပြသ
Feb 03,2024
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန တို့ပူးပေါင်း၍ မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းက မြို့မဈေးကြီးရှေ့တွင် ပြုလုပ်ပါသည်။
ပုဗ္ဗသီရိမြို့နယ် ညောင်လူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်စကားဝိုင်း ကျင်းပ
Feb 03,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ အသိ ပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပုဗ္ဗသီရိမြို့နယ် ညောင်လူးကျေးရွာ  အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပခဲ့သည်။
အ.ထ.က( သု၀ဏ္ဏ)ကျောင်း၌ ပြည်‌‌ထောင်စုနေ့အကြို ဟောပြောပွဲ ကျင်းပ
Feb 03,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးနှင့် အ-ထ-က (သု၀ဏ္ဏ) ကျောင်းတို့ ပူးပေါင်း၍ ပြည်ထောင်စုနေ့အကြို အသိပညာပေး ဟောပြောပွဲနှင့် ဆုရ ကျောင်းသားကျောင်းသူများ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သု၀ဏ္ဏ)သီရီသု၀ဏ္ဏပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် သီတဂူစက္ခုဒါနဆေးရုံတော် (ရန်ကုန်)၌ မျက်စိဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ခွဲစိတ် ကုသ‌ပေး
Feb 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၃၃) ရပ်ကွက်ရှိ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်၊ သီတဂူစက္ခုဒါနဆေးရုံတော် (ရန်ကုန်)၌   မျက်စိဝေဒနာရှင်များအား နံနက် ၇ နာရီမှ ညနေ ၃ နာရီထိ အခမဲ့စမ်းသပ်ခွဲစိတ် ကုသ‌ပေးလျက် ရှိကြောင်း သိရသည်။