သတင်းများ

မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲအုန်းပင်စုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Feb 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတကြွယ်ဝစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ “လူငယ်စကားဝိုင်း” ကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က မရဲအုန်းပင်စုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ချောက်မြို့၊ မြို့မဈေးတွင်  မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
Feb 03,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၊ မြို့မဈေး မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက​ ချောက်မြို့မဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မုဒုံမြို့နယ်တွင် အခြေခံပညာစာမေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်
Feb 03,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများတွင် ကျင်းပမည့်စာမေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ​ပြုလုပ်သည်။
ရွှေပြည်သာမြို့နယ်၌ အလုပ်သမားရေးရာ ဥပဒေအသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
Feb 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ အလုပ်သမားရေးရာ ဥပဒေများ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီက သာဓုကန်စက်မှုဇုန် Kseng (Myanmar) Apparel Co.,Ltd အထည်ချုပ်စက်ရုံ၌ ကျင်းပသည်။
မုဒုံမြို့နယ်ရှိ ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီးတွင် ဥပ္ပါတသန္တိသုတ် ပရိတ်ဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲကျင်းပ
Feb 03,2024
မွန်ပြည်နယ်၊ မုဒုံမြို့နယ် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီးတွင် ဥပ္ပါတသန္တိသုတ် ပရိတ်ဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ညက မဟာမြတ်မုနိ ဓမ္မာရုံ၌ ကျင်းပသည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခြေခံပညာနှင့်စက်မှု စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းတွင် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲများကျင်းပ
Feb 03,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲများကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ဘီးလင်းမြို့ အ.ထ.က(ဇုတ်သုတ်)ကျောင်း၌  စာဖတ်ရှိန် မြှင့်တင်ရေး လူငယ်စကားဝိုင်း ပြုလုပ်
Feb 03,2024
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား‌၊ကျောင်းသူများ စာဖတ်ရှိန် မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အထက (ဇုတ်သုတ်)ကျောင်း ပညာတံခွန်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးသီဟစိုးမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
စစ်ကိုင်းမြို့တွင် ဝန်ထမ်းများလုပ်ငန်းခွင် စွမ်းဆောင်ရည်မြှင့်မားရေး အထူးသင်တန်းဖွင့်
Feb 03,2024
စစ်ကိုင်းခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ဝန်ထမ်းများလုပ်ငန်းခွင် စွမ်းဆောင်ရည်မြှင့်တင်ရေး အထူးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။