ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် သီတဂူစက္ခုဒါနဆေးရုံတော် (ရန်ကုန်)၌ မျက်စိဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ခွဲစိတ် ကုသ‌ပေး

ဒဂုံမြောက် ဖေဖော်ဝါရီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၃၃) ရပ်ကွက်ရှိ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်၊ သီတဂူစက္ခုဒါနဆေးရုံတော် (ရန်ကုန်)၌   မျက်စိဝေဒနာရှင်များအား နံနက် ၇ နာရီမှ ညနေ ၃ နာရီထိ အခမဲ့စမ်းသပ်ခွဲစိတ် ကုသ‌ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ သီတဂူစက္ခုဒါနအလှူတော်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်နီးရပ်ဝေးမှ မျက်စိဝေ‌ဒနာရှင်များ လာရောက်ကုသလျက်ရှိရာ ဖေဖော်ဝါရီ ၂ ရက်နေ့မှ ၆ ရက်နေ့ထိ စာရင်းပေးသွင်းသူများမှာ ၁၆၀၀ ကျော်ရှိကြောင်းနှင့် ယနေ့နံနက်ပိုင်းအထိ လူနာ ၃၅၀ ဦးခန့် စမ်းသပ်ကုသရန် စာရင်းပေးသွင်းထားကြောင်း၊ လာရောက်ကုသကြသော မျက်စိ‌ဝေဒနာရှင်များ အဆင်ပြေစေရန် ရပ်ကွက်တာဝန်ရှိသူများနှင့် ပရဟိတအသင်းဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

မျက်စိဝေဒနာရှင် လူနာများအား ကုသပေးမှုရာတွင် ယခုအကြိမ်သည် စတုတ္တအကြိမ် မြောက်ဖြစ်ပြီး ယနေ့မှ စတင်၍ ကုသပေးသွားမည်ဖြစ်သည်။ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်) စတုတ္တအကြိမ်မြောက် မျက်စိအလင်းအလှူတော်တွင် မျက်စိကုသမှုခံယူကြမည့် အနယ်နယ် အရပ်ရပ်မှ ပြည်သူများအား ဖေဖော်ဝါရီလအတွင်း စာရင်းပေးသွင်းရန် ခေါ်ယူထားခဲ့ပြီး  စာရင်းပေးပြီးသူများကို --၂၀၂၃ နေ့မှစတင်၍ အစဉ်လိုက် ဖုန်းဆက်ခေါ်ယူ ကုသ‌ပေးသွားမည်ဖြစ်‌ရာ တစ်နေ့လျှင် ပျမ်းမျှ ၃၅၀ ဦးခန့် ကုသပေးသွားမည်ဖြစ် ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သတင်းရသည်။

မြင့်မြင့်ရီ