စစ်ကိုင်း ဖေဖော်ဝါရီ ၃
စစ်ကိုင်းခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ဝန်ထမ်းများလုပ်ငန်းခွင် စွမ်းဆောင်ရည်မြှင့်တင်ရေး အထူးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင် (၂) ဦးတိုးဝေက သင်တန်းသားများအား သင်တန်းက ပို့ချပေးမည့် ပညာရပ်များကို စိတ်ဝင်စားစွာ လေ့လာမှတ်သားပြီး လက်တွေ့အသုံးပြုဆောင်ရွက်သွားကြပါလို့ ဆွေးနွေးပြောကြားကာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သီတာလွင်က သင်တန်းဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်များနှင့် သင်တန်းတွင် စီမံကိန်းရေးဆွဲတင်ပြခြင်း၊ မိတ်ဖက်ဌာနများနှင့် တိုင်းဒေသကြီး/ခရိုင်သို့ ပေးပို့ရမည့် စီမံကိန်းစာရင်းများ၊ တည်မြဲအမိန့်နှင့် မူဝါဒရည်မှန်းချက်များ၊ စိုက်ပျိုးရေးဆိုင်ရာငွေစာရင်းဌစများနှင့် ဝန်ထမ်းရေးရာများ၊ မြေပြင်စီမံကိန်းရေးဆွဲ့ခြင်း၊ ပဲမျိုးစုံပန်းတိုင်အထွက်တိုးရရှိရေး၊ နှံစားသီးနှံနှင့်ဆီထွက်သီးနှံ ပန်းတိုင်အထွက်ရရှိရေး၊ ဝါနှင့်ကြံပန်းတိုင်အထွက်တိုးရရှိရေး၊ သီနှံအထွက်တိုးရေး သုတေသနလုပ်ငန်းများ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီးအတွင့်ရှိ ခရိုင်/မြို့နယ်များမှ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများကို လုပ်ငန်းခွင်မပြတ် (၂) ကြိမ်ခွဲ၍ သင်တန်းတစ်ကြိမ်လျှင် (၅) ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင် (ပြန်/ဆက်)