ပုဗ္ဗသီရိမြို့နယ် ညောင်လူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်စကားဝိုင်း ကျင်းပ

ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ အသိ ပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပုဗ္ဗသီရိမြို့နယ် ညောင်လူးကျေးရွာ  အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပခဲ့သည်။

အဆိုပါ စကားဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ ညောင်လူးကျေးရွာ  အခြေခံပညာ အထက်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ဇွန်ဇွန်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပခဲ့ရာ စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က ဆောင်ရွက်ပြီး ညောင်လူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ မမြနန်းစိုး (Grade-11) က လူငယ်နှင့် စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ကျော်ခိုင်ဟိန်း (Grade-10) က လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မယွန်းယုယနိုင်(Grade-9)က လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်တင်လင်းအောင် (Grade-9)က လူငယ်နှင့်အနာဂတ် ခေါင်းစဉ်ဖြင့် လည်း ကောင်း၊ အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဆွေးနွေး ပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။ 

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက လူငယ်ရေးရာနှင့် သက်ဆိုင်သည့် စာအုပ်၊စာစောင်များ၊ အသိပညာပေး  နံရံကပ်ပြဘုတ်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ် (ပုဗ္ဗ)