သတင်းများ

မြောင်းမြမြို့ အ.မ.က (လွန်) ဘုရားချောင်း (ရပ်) ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုများချီးမြှင့်ပွဲအခမ်းအနား ကျင်းပ  
Feb 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အ.မ.က (လွန်) ဘုရားချောင်း (ရပ်) ကျောင်းတွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုများချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉:၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မကွေးတက္ကသိုလ်၌ လူငယ်များ ဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော် ဒုတိယနေ့ဆက်လက်ကျင်းပ
Feb 04,2024
လူငယ်များ ဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော်ကို မကွေးတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ ဖေဖော်ဝါရီလ ၄ ရက် ဒုတိယနေ့တွင် ဆွေးနွေးပွဲများ၊ အားကစားလှုပ်ရှားမှုများ၊ ပြခန်းလှုပ်ရှားမှုများနှင့် ဖျော်ဖြေရေးအစီအစဉ်များတွင် လာရောက်ပါဝင်ဆင်နွှဲကြသည့် ကျောင်းသား၊ ကျောင်းသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်ခရိုင်နှင့် မြောင်းမြခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအားကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောက်ရွက်ပေးခဲ့
Feb 04,2024
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့နေ့လည်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်နှင့် မြောင်းမြခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောက်ရွက်ပေးခဲ့သည်။
ငပုတောမြို့‌နယ် စမ်းချောင်း စဉ့်အိုးဖိုကျေးရွာ၌ ဆိပ်ခံတံတားဖွင့်ပွဲ အခမ်းအနားကျင်းပ
Feb 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စမ်းချောင်းစဉ့်အိုးဖို ကျေးရွာ၌ဆိပ်ခံ တံတားဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးသန်း‌ဦး၊ မြို့နယ်စခန်းမှူးဒုရဲမှူး ဦးတင်မောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ ဒေသခံပြည်သူများ တက်ရောက်သည်။
သာပေါင်းမြို့နယ်တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နွယ်နီချောင်းကျေးရွာအုပ်စုသို့ သွားရောက်ဖြည့်ဆည်းဆောင်ရွက်ပေး
Feb 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ နွယ်နီချောင်းကျေးရွာအုပ်စုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြသည်။
ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားကြီးတွင် ကျင်းပပြုလုပ်သော ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ခြင်း ပိတ်ပွဲအခမ်းအနားပြုလုပ်
Feb 04,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့မြောက်ဘက် ရန်ကုန်-မန္တလေးကားလမ်းအနီး သင်တောင်းကြီးကျေးရွာအုပ်စု၊ သင်တောင်းကျေးရွာတွင် တည်ရှိသော ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားကြီး၏ မဟာရွှေသိမ်တော်မြတ်စွာဘုရားဓမ္မာရုံကြီးတွင် ယနေ့နံနက်(၉)နာရီက ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ခြင်း ပိတ်ပွဲအခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 04,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူလူငယ်များ အသိပညာဗဟုသုတ တိုးတက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ဌာနဆိုင်ရာတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နေ့လယ် ၂ နာရီ အချိန်က အ.ထ.က(ရခိုင်ချောင်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းဖြတ်မြို့နယ်၌ (၂၄)ကြိမ်မြောက် တစ်ဆုပ်ဆန်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း
Feb 04,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ လှူဒါန်းလျက်ရှိသည့် (၂၄)ကြိမ်မြောက် တစ်ဆုပ်ဆန်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ​ဖေ​ဖော်ဝါရီ ၃ရက် နံနက်၉နာရီက နားလီး​ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။