ငပုတော ဖေဖော်ဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စမ်းချောင်းစဉ့်အိုးဖို ကျေးရွာ၌ဆိပ်ခံ တံတားဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးသန်းဦး၊ မြို့နယ်စခန်းမှူးဒုရဲမှူး ဦးတင်မောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ ဒေသခံပြည်သူများ တက်ရောက်သည်။
ပထမဦးစွာ ဆိပ်ခံတံတားသစ်အား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂)ဦးသန်းဦးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တံတားတည်ဆောက်ပီးစီးမှုအခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ရေး မှာကြားခဲ့သည်။
အဆိုပါ စမ်းချောင်းစဉ့်အိုးဖို့ ဆိပ်ခံတံတားသစ်သည်(အလျား ပေ၅၀၊ အနံ ၁၂ပ)သံကူကွန်ဂရစ်တံတားအမျိုးအစားဖြစ်ပြီး ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်မှ ပံ့ပိုးကူညီငွေ (၁၅၀၀၀၀၀ဝိ)ကျပ်၊ ကျေးရွာလူထုထည့်ဝင်ငွေ (၉၇၉၃၅၀ဝိ)ကျပ်၊ စုစုပေါင်း ကုန်ကျငွေ (၂၄၇၉၃၅၀ဝိ)ကျပ်ရှိကြောင်း သိရသည်။ အဆိုပါတံတားဆောက်လုပ်ပြီးစီးမှူးကြောင့် စမ်းချောင်းစဉ့်အိုးဖို ကျေးရွာအတွင်းရှိ အိမ်ထောင်စု( ၃၂၉)စု၊ လူဦးရေ (၂၁၅၂ )တို့အတွက် အကျိုးပြုနိုင်မှာ ဖြစ်ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)