တိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်ခရိုင်နှင့် မြောင်းမြခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအားကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောက်ရွက်ပေးခဲ့

ပုသိမ် ဖေဖော်ဝါရီ

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့နေ့လည်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်နှင့် မြောင်းမြခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောက်ရွက်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ ဂုံမင်းကျေးရွာ၊ ရန်ကုန်-ပုသိမ်ကားလမ်း(မိုင်တိုင် ၇၇/၄မှ ၇၈/၅ အတွင်း) လက်ဝဲဘက်ခြမ်းမြောင်း တူးဖော်ပြီးစီး၍ တောင်သူများမှ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ မြောင်းတူးဖော်ပြီးစီး၍ နွေစပါးစိုက်ဧကများအတွက် စိုက်ပျိုးရေတင်သုံးစွဲမှုအခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရေများစနစ်တကျသုံးစွဲစေရေး၊ ရိုးပြတ်ကျန်ဧကများကျန်ရှိမရှိစေရေးနှင် အောင်မြင်အောင် စိုက်ပျိုး​ဆောင်ရွက်စေရေး မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဲကုန်ကျေးရွာအုပ်စု၊ ရန်ကုန်-ပုသိမ်ကားလမ်း(မိုင်တိုင် ၇၇/၄မှ ၇၈/၅ အတွင်း) လက်ယာဘက်ခြမ်းမြောင်းနှင့် သဲကုန်-ညောင်ခြေထောက်မြောင်း တူးဖော်ပြီးစီး၍ သဲကုန်ကျေးရွာရှိ တောင်သူဦးထွန်းသွင်၏ တစ်နှစ်သုံးသီးစိုက်ပျိုးရန်အတွက်   ဧက(၅၀)တွင် တတိယသီးနှံ နွေစပါးတိုးတက်စိုက်ပျိုးနိုင်ရေးအတွက် မြေပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဒုတိယသီးနှံနွေစပါး (မှော်ဘီ၃) စပါးမျိုးစိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး အထွက်တိုးမျိုးစပါးများအသုံးပြုစေရေး၊ အစေ့ချစက်၊ ကောက်စိုက်စက်များဖြင့် စနစ်တကျစိုက်ပျိုးစေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ ရှမ်းရွာကျေးရွာအုပ်စုရှိ ဦး‌ဌေးနိုင်၏  စိုက်ဧက (၅) ဧကတွင် စိုက်ပျိုးထားသည့် ဆောင်းသီးနှံနေကြာ (Super Sun-41) စံပြကွက်အားကြည့်ရှုအားပေးခဲ့ပြီး ရိတ်သိမ်းချိန်လေ့လွင့်မှုမရှိစေရေး စနစ်တကျရိတ်သိမ်းဆောင်ရွက်ရန် မှာကြားခဲ့သည်။ အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာရှိ တောင်သူဦးစိန်မောင်သန်း၏ ဆင်းရွှေကြာ(၂)နေကြာမျိုးစေ့ထုတ်စိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှုနှင့် မြေပဲ(၁)ဧက စိုက်ခင်းအားလည်းကောင်း၊  အိမ်မဲမြို့နယ်၊ တကောကျေးရွာရှိ ၂၀၂၃- ၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံဆီထွက် (နေကြာ Supersun-41) စံပြကွက်ဖြစ်ထွန်းအောင်မြင်နေမှုများအားလည်းကောင်း၊ မြောင်းမြမြို့နယ်၊ ကံကြီးကျေးရွာရှိ တောင်သူဦးမိုးဝင်း၏  စိုက်ဧက(၅)ဧက၌ စိုက်ပျိုးထားသည့် ဆင်းရွှေကြာ(၂)နေကြာစိုက်ခင်းအားလည်းကောင်း ဆက်လက်ကြည့်ရှုအားပေးခဲ့ပြီး ရေပေးခြင်းနှင့် မြေဩဇာကျွေးခြင်းလုပ်ငန်းများ စနစ်တကျရှိစေရေး၊ နေကြာပန်းပွင့်များပျက်စီးမှုမရှိစေရေး၊ မျိုးရွေးချယ်ခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်စေရေး၊ ရိတ်သိမ်းချိန် လေလွင့်မှုမရှိစေရေးနှင့် အောင်မြင်အောင် စိုက်ပျိုးစေရေး မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဒေါ့ပင်ကျေးရွာအုပ်စုရှိ တောက်သူဦးထွန်းနိုင်ဝင်း၏ စိုက်ဧက(၅)ဧက၌ စိုက်ပျိုးထားသည့် ဧရာတိုးမျိုးစပါး နွေစပါးစီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းတွင် မြေဩဇာကြဲပက်မှုများ၊ ဆိုလာစနစ်ဖြင့်စိုက်ပျိုးရေတင်ဆောင်ရွက်နေမှုနှင့် အီးအမ်ဘိုကာရှီ သဘာဝမြေဩဇာပြုလုပ်ထားရှိမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး သဘာဝမြေဩဇာနှင့်ဓါတ်မြေဩဇာများ အချိုးကျသုံးစွဲစေရေး၊ စိုက်ပျိုးရေများ စနစ်တကျသုံးစွဲစေရေးနှင့် အောင်မြင်အောင် ဆောင်ရွက်စေရေး မှာကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)