သာပေါင်းမြို့နယ်တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နွယ်နီချောင်းကျေးရွာအုပ်စုသို့ သွားရောက်ဖြည့်ဆည်းဆောင်ရွက်ပေး

သာပေါင်း ဖေဖော်ဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ နွယ်နီချောင်းကျေးရွာအုပ်စုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြသည်။

ထိုသို့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကျေးရွာအရောက် ညှိ့နှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကြရာတွင် ဖေဖော်ဝါရီလ ၃ ရက်၊ မွန်းလွဲ ၂ နာရီခွဲအချိန်က နွယ်နီချောင်းကျေးရွာအုပ်စု၊ မျက်ဆံနီကျေးရွာ၊ အသင်းတော်ခန်းမတွင် ကျေးရွာနေ ပြည်သူ(၇၁)ဦးတို့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင်(၂)ဦးကျော်တိုး၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးလှဝင်းနှင့် ဌာနဆိုင်ရာများက တွေ့ဆုံ၍ တရားဥပဒေစိုးမိုးရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်ရေး၊ အလယ်တန်း၊ အထက်တန်း သင်ယူပြီးမြောက်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ စာသင်ကျောင်းများလုံခြုံရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနိုင်ရေး၊ ရောဂါဖြစ်ပွားမှုလျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ ကျေးရွာအုပ်စုပြည်သူ့လုံခြုံရေးကြီးကြပ်အဖွဲ့ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ်များဆောင်ရွက်နိုင်ရေး၊ ယာဥ်အန္တရာယ်ကင်းရှင်းရေး၊ မော်တော်ဆိုင်ကယ်စီးနင်းပါက ဆိုင်ကယ်ဆောင်းဦးထုပ်ဆောင်ရေး၊ သတ်မှတ်မိုင်နှုန်းအတိုင်းမောင်းနှင်ရေး၊ ထော်လာဂျီနှင့် လယ်ယာသုံးယာဥ်များ ယာဥ်မှတ်ပုံတင်ပြုလုပ်ရေး၊ စနေနေ့တိုင်း နေအိမ်အလိုက် သန့်ရှင်းရေးစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရန်၊ တစ်ဧက(၁၀)တင်းနှုန်းပိုမိုထွက်ရှိရေးဆောင်ရွက်ရန်၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)အား၂၀၂၄ ခုနှစ်တွင် ဧကပြည့်စိုက်ပျိုးရေး ကြိုတင်ဆောင်ရွက်ရန်၊ ရိုးပြတ်ကျန်ဧကများမရှိရေး သီးထပ်စိုက်ပျိုးရန်၊ ဆောင်းနေကြာလျာထားဧက ပြည့်မီစွာစိုက်ပျိုးရေးဆောင်ရွက်ရန်၊ အယ်လ်နီညိုဖြစ်စဥ်ကြောင့် ရေပြတ်လပ်မှုရှိနိုင်သဖြင့် သောက်သုံးရေစုဆောင်းရန်၊ ရေလှောင်ကန်များ ပြုပြင်ရေသိုလှောင်ရန်၊ စိုက်ပျိုးရေအတွက် ချောင်း၊ မြောင်း၊ ရေကန် ချောင်းပိတ်မြောင်းပိတ်ဆောင်ရွက်ရန်၊ ငါးသယံဇာတထိန်းသိမ်းရေး၊ လျှပ်စစ်မီးအန္တရာယ်ကင်းရှင်းရေး၊ တစ်နိုင်တစ်ပိုင်ကြက်/ဘဲ/ဝက်မွေးမြူရေး၊ ဗေဒါများအမှိုက်မြေဆွေးပြုလုပ်ပြီး လယ်၊ စားပင်သီးပင်များစိုက်ပျိုးရာတွင် အသုံးပြုရန်၊၂၀၂၅ ခုနှစ်၊ ဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများစိုက်ပျိုးရေး၊ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးဆောင်ရွက်ရန်၊ ကြဲခင်းအစားစိုက်ခင်းစနစ်ပြောင်းလဲစိုက်ပျိုးရေး၊ အဓိကသီးနှံ(၁၀)မျိုးပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုးစေ့ချကိရိယာ(Seeder)ဝယ်ယူအသုံးပြုရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စရပ်များ ရှင်းလင်းဆွေးနွေးကြပြီး ဒေသခံပြည်သူများက သိရှိလိုသည်များ မေးမြန်းကြရာ ကဏ္ဍအလိုက်သက်ဆိုင်ရာဌာနများမှ ပြန်လည်ဆွေးနွေးရှင်းလင်း‌ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)