မြောင်းမြမြို့ အ.မ.က (လွန်) ဘုရားချောင်း (ရပ်) ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုများချီးမြှင့်ပွဲအခမ်းအနား ကျင်းပ  

မြောင်းမြ    ဖေဖော်ဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အ.မ.က (လွန်) ဘုရားချောင်း (ရပ်) ကျောင်းတွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုများချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉:၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြောင်းမြမြို့နယ် လက်ထောက်ပညာရေးမှူး ဆရာကြီးဦးသန်း‌ဇော်ထွန်းက စုံညီပွဲတော်ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်းအကျိုးဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းလွင်က ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှာစကားပြောကြားခဲ့ပြီး၊ အ.မ.က (လွန်) ဘုရားချောင်း(ရပ်) ကျောင်းအုပ် ဆရာမကြီး ဒေါ်အုန်းကြိုင်က နိဂုံးချုပ် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း အထိမ်းအမှတ်နေ့ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများ၊ စာပေနှင့် အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။ အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများက အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး၊  ‌ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူး ဆရာကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)