သတင်းများ

အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)၌ လုပ်ငန်းနယ်ပယ်အသီးသီးတွင် အောင်မြင်လျက်ရှိသော ပုဂ္ဂိုလ်များ၏ အတွေ့အကြုံ၊ အောင်မြင်မှုများအား မျှဝေ
Feb 04,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)၌ ထူးချွန်အောင်မြင်သည့်လုပ်ငန်းရှင်များ ပေါ်ထွန်းလာရေး လုပ်ငန်းနယ်ပယ်အသီးသီးတွင် အောင်မြင်လျက်ရှိသော ပုဂ္ဂိုလ်များ၏ အတွေ့အကြုံ၊ အောင်မြင်မှုများအား မျှဝေခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ နံနက်(၁)နာရီက အဆိုပါကျောင်း ဘက်စုံးသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မတ္တရာမြို့နယ်၌ ဥပ္ပါတသန္တိကျမ်းတော်မြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအထွတ်တင်မင်္ဂလာအခမ်းအနား ကျင်းပ
Feb 04,2024
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အောင်မြေသုခကျောင်းတိုက်တွင် ဥပ္ပါတသန္တိကျမ်းတော်မြတ်အား ဇန်နဝါရီလ ၉ ရက်နေ့မှ ဖေဖော်ဝါရီလ ၄ရက်နေ့ အထိ ၂၇ ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်ခဲ့သည့် အောင်ပွဲအထွတ်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉နာရီက အဆိုပါကျောင်းတိုက်တွင်ကျင်းပပြုလုပ်ခဲ့သည်။
စဉ့်ကူးမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Feb 04,2024
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့တွင် မီးဘေးအန္တရာယ်ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရန် မြို့နယ်မီးသတ်ဦးစီးဌာနမှ အမှတ်(၂)ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တစ်အိမ်တက်ဆင်း ကွင်းဆင်း စစ်ဆေးခဲ့သည်။
မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးတွင် ဥပဒေအရာရှိကျင့်ဝတ်နှင့် မျှတသောတရားစီရင်ရေးဆိုင်ရာစံနှုန်းများ ဆန်းစစ်ချက်ဖြေဆို
Feb 04,2024
မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ ဥပဒေအရာရှိကျင့်ဝတ်ကြီးကြပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော ဥပဒေအရာရှိကျင့်ဝတ်နှင့် မျှတသော တရားစီရင်ရေးဆိုင်ရာစံနှုန်းများ ဆန်းစစ်ချက်ဖြေဆိုခြင်းကို ယနေ့နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး ပါမောက္ခဦးလှအောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)၌ ၂၀၂၃-၂၀၂၄ခုနှစ် ပညာသင်နှစ်၊ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ
Feb 04,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ) ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်၊ အာစရိယပူဇော်ပွဲ နှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့နံနက် (၁၀)နာရီက အင်းစိန်မြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ ပညာတံခွန်ခန်းမတွင် ကျင်းပသည်။
မြဝတီမြို့၌ (၇၇)နှစ်မြောက် ရှမ်းအမျိုးသားနေ့အကြိုအထိမ်းအမှတ် ရွှေလဝန်းကိုယ်ပိုင် အထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Feb 04,2024
ကရင်ပြည်နယ်၊  မြဝတီမြို့၊ လဝန်းကိုယ်ပိုင်အထက်တန်းကျောင်းတွင်(၇၇)နှစ်မြောက်ရှမ်း အမျိုးသားနေ့အကြို အထိမ်းအမှတ် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက အဆိုပါ အထက် တန်းကျောင်းခန်းမဆောင်၌ ကျင်းပခဲ့ရာကျောင်းသား၊ ကျောင်းသူများက“ရွှေလဝန်း ကျောင်း” တေးသီချင်းသီဆို၍ ဖွင့်လှစ်ပေးသည်။
ချောက်မြို့နယ်၌ ဌာနဆိုင်ရာများမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 04,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ အုံမြားကြီးကျေးရွာတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်​ခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ် ကျောက်ဆည်တက္ကသိုလ်၀င်းအတွင်းရှိ မွေးမြူထားသော ခွေးများအား ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးများထိုးနှံပေး
Feb 04,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာ ကျောက်ဆည်တက္ကသိုလ်အတွင်း၀င်းအတွင်းရှိ မွေးမြူထားသောခွေးများအား နံနက် ၁၀ က  ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးများ  လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရသည်။