သတင်းများ

မုဒုံမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
Feb 05,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပုံပြော၊ ကဗျာရွတ်၊ ဆေးရောင်ခြယ်ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ဆင်ပေါင်ဝဲမြို့ရှိ ဘာသာရေးအဆောက်အအုံများအား မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်
Feb 05,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီ အချိန်က ဆင်ပေါင်ဝဲမြို့ အမှတ် (၃) ရပ်ကွက်ရှိ ဘုရားငါးဆူ စေတီတော်မြတ်ကြီးအတွင်း အဆောက်အဦများကို မီးဘေးလုံခြုံရေး အတွက် ကွင်းဆင်းစစ်​​ဆေးခြင်းလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် ဗုဒ္ဓပူဇနိယပွဲတော်ပိတ်ပွဲ (အောင်ပွဲ) နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Feb 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် သမိုင်းဝင်ကျိုက္ကလော့စေတီတော် (၆၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ပိတ်ပွဲနှင့် ဆွမ်းဆန်ဆိမ်းလောင်းလှူခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အင်းစိန်မြို့နယ်၌ မွေးကင်းစမှ အသက် (၂) နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး၊ ထိုးနှံခြင်း ဆောင်ရွက်
Feb 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးငယ်များ ကျန်းမာကြံ့ခိုင်မှုရှိစေရန်နှင့် ကလေးငယ်များ ရောဂါဘယကင်းရှင်းစေရန် ရည်ရွယ်၍ မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး၊ ထိုးနှံခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် တိုက်ကျွေး၊ ထိုးနှံသည်။
မိုးနဲမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ကတ္တရာလမ်းဖွင့်ပွဲ ကျင်းပ
Feb 05,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၈ နာရီခွဲအချိန်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် Clean and Green ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အများပြည်သူများ သွားလာအဆင်ပြေစေရေးအတွက် ဆောင်ရွက်လျက်ရှိသော လွယ်မြေရပ်ကွက်အတွင်းရှိ စံပယ်လမ်းကတ္တရာလမ်းသစ် ပြီးစီးသွားပြီဖြစ်၍ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၌ "ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများနှင့် ပတ်သက်သည့်ပြဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်နှင့် ဆန်းစစ်ပုံစံများအား အသိပေးရှင်းလင်းခြင်း အခမ်းအနားကျင်းပ
Feb 05,2024
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ "ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်"ပါ ပြဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်နှင့်ဆန်းစစ်ပုံစံများအား အသိပေးရှင်းလင်းခြင်းအခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဖျာပုံမြို့၌ နေအိမ်များ မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး
Feb 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ရမည့်အချက်များအား ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များအား တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးကြသည်။
ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံငရုပ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး တစ်ဧက ပိဿာချိန် ၇၀၀ ကျော်ထွက်ရှိ
Feb 05,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီကာလ စားဖိုဆောင်သီးနှံဖြစ်သည့် ငရုပ်သီးနှံစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၁၂၈၅ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း သိရကာ စိုက်ပျိုးရေအဆင်ပြေမှုကြောင့် ငရုပ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် တစ်ဧက ပိဿာချိန် ၇၀၀ ကျော် ထွက်ရှိသဖြင့် ဒေသခံတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။