အင်းစိန်မြို့နယ်၌ မွေးကင်းစမှ အသက် (၂) နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး၊ ထိုးနှံခြင်း ဆောင်ရွက်

ရန်ကုန် ဖေဖော်ဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မွေးကင်းစမှ အသက် (နှစ်အောက် ကလေးငယ်များ ကျန်းမာကြံ့ခိုင်မှုရှိစေရန်နှင့် ကလေးငယ်များ ရောဂါဘယကင်းရှင်းစေရန် ရည်ရွယ်၍ မွေးကင်းစမှ အသက် () နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး၊ ထိုးနှံခြင်းကို ယနေ့နံနက် () နာရီအချိန်က အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် တိုက်ကျွေး၊ ထိုးနှံသည်။

မွေးကင်းစမှ အသက် (နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး၊ ထိုးနှံခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိပြီး အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးဌာနမှူး ဒေါက်တာဝင်းမြင့်သူနှင့် ဝန်ထမ်းများက မွေးကင်းစမှ အသက် () နှစ်အောက် ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ မေးခိုင်ရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဝက်သက်ရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပိုလီယိုရောဂါ ကာကွယ်ဆေးစသည်တို့ကို တိုက်ကျွေး၊ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်သည်။

အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် လစဉ်ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစမှ အသက် () နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး၊ ထိုးနှံခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း၊ သုံးရေများအတွင်း အဘိတ်ဆေးခတ်စသည့်လုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)