သတင်းများ

ပင်းတယမြို့နယ်အတွင်းရှိ ဂျုံစိုက်ခင်းများ စတင်ရိတ်သိမ်းချိန် ဈေးကောင်းရရှိရန် ဂျုံစိုက်တောင်သူများ မျှော်လင့်နေ
Feb 05,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိက စီးပွားရေးအဖြစ် လုပ်ကိုင်ကြပြီး ရာသီဥတုနှင့် ကိုက်ညီသည့် သီးနှံများကို စိုက်ပျိုးရောင်းချကြရာ ယခုအခါတွင် ပင်းတယမြို့ အနီးအနား ပတ်ဝန်းကျင်တွင် စိုက်ပျိုးထားသည့် ဂျုံစိုက်ခင်းများ စတင်ရိတ်သိမ်းချိန်၌ ဈေးကောင်းရရှိရန် ဂျုံစိုက်တောင်သူများ မျှော်လင့်နေကြကြောင်း သိရသည်။
သရက်မြို့၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 05,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး အစည်းအဝေးခန်း၌ ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ကျေးရွာနေပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံအသိပေး နှိုးဆော်
Feb 05,2024
ပွင့်လင်းရာသီချိန်ရောက်ရှိလာပြီဖြစ်၍ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံကျေးလက်နေပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့က ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာအုပ်စုနှင့် ကုန်းဇောင်းကျေးရွာအုပ်စုသို့ ကွင်းဆင်းသွားရောက်ပြီး အသံချဲ့စက်ယာဉ်ဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို  လိုက်လံသတိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ကဝမြို့နယ်၌ အသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်
Feb 05,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် အသက် (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ယနေ့ နံနက် (၁၀) နာရီက ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မင်းလှမြို့၌ မွေးစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Feb 05,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မွေးစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီခွဲက တောင်ရပ်ကွက်ရှိ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ထိုးနှံပေးလျက်ရှိသည်။
နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ ပုံပြောပြိုင်ပွဲကျင်းပ
Feb 05,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများဖြင့် ပုံပြောပြိုင်ပွဲပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။
နတ်တလင်းမြို့နယ်၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Feb 05,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ အသက်မွေးစမှ ၁ နှစ်ခွဲအရွယ်ထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း အစီအစဉ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်မှစ၍ မြို့မရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ မိခင်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာဖတ်ဝိုင်းကျင်းပ
Feb 05,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဥ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ မြို့နယ်အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်းကာ ယနေ့နံနက် ၉ နာရီအချိန်က (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုအဖြစ် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြသည်။