မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၌ "ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများနှင့် ပတ်သက်သည့်ပြဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်နှင့် ဆန်းစစ်ပုံစံများအား အသိပေးရှင်းလင်းခြင်း အခမ်းအနားကျင်းပ

မဟာအောင်မြေ ဖေဖော်ဝါရီ ၅

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ "ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်"ပါ ပြဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်နှင့်ဆန်းစစ်ပုံစံများအား အသိပေးရှင်းလင်းခြင်းအခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်မှ မြန်မာနိုင်ငံ၏မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားသေဆုံးမှုအခြေအနေအားတင်ပြခြင်း၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သောရောဂါနှိမ်နှင်းရေးဌာနခွဲ၊ ဒေါက်တာသီတာဝင်းမှ Tobacco Legislation နှင့် ပတ်သက်၍ ရှင်းလင်းခြင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသင်းသင်းနွယ်မှ Standardized Packaging အမိန့်စာပါပြဌာန်းချက်များနှင့် ပတ်သက်၍ အသေးစိတ်များအား အသီးသီးရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်၊ မကူးစက်နိုင်သောရောဂါနှိမ်နှင်းရေးဌာနခွဲ၊ ဒေါက်တာ သီတာဝင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသင်းသင်းနွယ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း