သတင်းများ

ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများ ကျန်းမာ​ရေး စောင့်ရှောက်မှု ဆောင်ရွက်ပေး
Feb 02,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ ပြည်သူ့ကျန်းမာရေးဉီးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို ​ဖေဖော်ဝါရီ(၂)ရက်၊ နံနက်ပိုင်း (၉)နာရီမှ (၁၂)နာရီအထိ အပတ်စဉ်​ သောကြာ​နေ့တိုင်း​​ဆောင်ရွက်မှု ပေးလျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ် Community Centre ခန်းမတွင် Club အဖွဲ့များပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ
Feb 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် Book Club ၊ Youth Club ၊ Women Club အဖွဲ့တို့မှ ပူးပေါင်း၍ စာရေးဆရာဒေါက်တာခင်မောင်ညို၏ “လူငယ်နှင့်အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ (၁)နာရီအချိန်တွင် ကျင်းပခဲ့သည်။
၇၇ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာရေးစပ် ပြိုင်ပွဲများ ကျင်းပ
Feb 02,2024
၇၇ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာရေးစပ် ပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ မတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟားခါးတက္ကသိုလ်၌ (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့ ဂုဏ်ပြုကြိုဆိုသောအားဖြင့် ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံဟောပြောပွဲပြုလုပ်
Feb 02,2024
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံ လေ့လာတင်ပြဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးတက္ကသိုလ်၊ အဆောင် (၇)၊ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး
Feb 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် အသက် (၅)နှစ်အောက် ကလေးငယ်များအား ဘီတာမင် A နှင့် သံချဆေးများကို အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက် (၉)နာရီ အချိန်က စတင် ထိုးနှံတိုက်‌ကျွေးပေးခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ ဆောင်းနှမ်း ၁၄၀၃၅ ဧက ရိတ်သိမ်းပြီး ၂၃၀၁၇၄ တင်းထွက်ရှိ
Feb 02,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ဆောင်းနှမ်း ၁၄၀၃၅ ဧက ရိတ်သိမ်းပြီး ၂၃၀၁၇၄ တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြစ်သားမြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ ကူမဲမြို့ အမှတ်(၂) ချမ်းမြသာစည်ရပ်ကွက်သို့ မီးဘေးအန္တရာယ် လုံခြုံရေးလုပ်ငန်းများ တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး
Feb 02,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကူမဲမြို့ အမှတ်(၂) ချမ်းမြသာစည်ရပ်ကွက်ရှိ ဒေသခံပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးပြီး မီးလောင်မှုကြောင့်   အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု မဖြစ်ပွားစေရေးအတွက် အိမ်ခြေ(၁၇၅)အိမ်၊ အိမ်ထောင်စု(၂၁၁)စု၊ လူဦးရေ(၆၄၃)ဦးအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက စတင်၍  တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဗီနိုင်းပိုစတာစိုက်ထူ
Feb 02,2024
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဗီနိုင်းပိုစတာစိုက်ထူခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ က ရန်ကုန်- ပုသိမ်ကားလမ်းမကြီးဘေး ပန်းတနော်မြို့အဝင်ရှေ့တွင် စိုက်ထူခဲ့သည်။