စကုမြို့၌ (၁/၂၀၂၄) အရန်မီးသတ် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

မင်းဘူး ဖေဖော်ဝါရီ  ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂ဝ၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက စကုနယ်မြေ မီးသတ်စခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစီအစဉ်အရ စကုမြို့အုပ်ချုပ်ရေးမှူး ဦးချိုစန်းလွင်ဦးက အဖွင့်အမှာစကား‌‌ ပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိန်ထွန်းက သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်နှင့် သင်တန်း၏ အကျိုးသက်ရောက်မှုများကို ရှင်းလင်းပြောကြားကာ မီးငြှိမ်းသတ်ပုံ သရုပ်ပြနည်းများကို ပြသ၍ စကုမြို့အုပ်ချုပ်ရေးမှူး ဦးချိုးစန်းလွင်ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိန်ထွန်းတို့က သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ စကုမြို့အုပ်ချုပ်ရေးမှူး ဦးချိုစန်းလွင်ဦး၊ မင်းဘူးမြို့ မီးသတ်တတ်ဖွဲ့မှ မြို့နယ်ဦးစီးမှူး ဦးစိန်ထွန်း၊ စကုနယ်မြေရဲစခန်းမှ ဒုရဲအုပ်ဇော်လွင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသားများ စုစုပေါင်းအင်အား (၈၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)