ပျော်ဘွယ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေး လိုက်လံနှိုးဆော်ခြင်းနှင့် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

ပျော်ဘွယ် ဖေဖော်ဝါရီ ၃

ပျော်ဘွယ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေး လိုက်လံနှိုးဆော်ခြင်းနှင့် တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးဆိုင်ရာ ထားရှိမှုအခြေအနေများကို ယနေ့နံနက် (၈) နာရီမှ စတင်ကာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ၊ မီးဘေးနှင့်အခြားသဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမဖြစ်ပွားစေရေးအတွက် ပြည်သူလူထုအပေါ်ကျရောက်လာနိုင်သည့် သဘာဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ်လုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ လိုအပ်သည့်အကြံဉာဏ်များ ပေးခြင်းတို့ကိုလည်း တစ်ပါးတည်းဆောင်ရွက်ခဲ့ကြသည်။

ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးနှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အတွင်း သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်း၍ နေ့စဉ်အသိပေးနှိုးဆော်ခြင်းနှင့် စက်ရုံ၊ အလုပ်ရုံများ၊ စက်သုံးဆီးဆိုင်များ တစ်အိမ်တက်ဆင်း စစ်ဆေးခြင်းတို့ကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)