ကံမမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၄) ဆင်းပွဲ အခမ်းအနားကျင်းပ

ကံမ ဖေဖော်ဝါရီ ၃

မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊  ကံမမြို့နယ် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၄) ဆင်းပွဲ အခမ်းအနားကို မြို့နယ်ခန်းမ၌  ယမန်နေ့ နေ့လယ် (၃) နာရီက  ကျင်းပပြုလုပ်ရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။  

အခမ်းအနားတွင် ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးက အဖွင့်အမှာစကား ပြောကြားပြီးနောက် သင်တန်းဆင်းလက်မှတ်များနှင့်  သင်တန်းဆိုင်ရာ ထူးချွန်ဆုများအား တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့သည်။ မီးသတ်ဦးစီးဌာနမှ  အရန်မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊  မီးသတ်စွမ်းရည်မြင့်မားရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး၊  ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် လုပ်ငန်းစွမ်းဆောင်ရည်များ မြင့်မားရေးအတွက်ရည်ရွယ်၍ ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပြီး မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စုများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀) ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)