လဲချားတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလွတ်တန်း ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲဖွင့်ပွဲကျင်းပ

လဲချား ဖေဖော်ဝါရီ ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလွတ်တန်းဖိတ်ခေါ် ကြက်တောင်ရိုက်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အားကစားခန်းမတွင် ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေက အမှာစကားပြောကြားပြီး မြို့နယ်အားကစားမှူးက ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါပြိုင်ပွဲတွင် Double ပြိုင်ပွဲ (၈) သင်း၊ Single ပြိုင်ပွဲဝင် (၂၀) ကျော်ပါဝင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် ဆုရရှိသူများအား (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

လဲချား (မြို့နယ် ပြန်/ဆက်)