မင်းတုန်းမြို့ မြို့နယ်ပြည်သူ့ဆေးရုံ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေး

မင်းတုန်း ဖေဖော်ဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ မြို့နယ်ပြည်သူ့ဆေးရုံတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဟန်ဇာကျော်နှင့် တပ်ဖွဲ့ဝင်များက မြို့နယ်ဆရာဝန်ကြီးနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် ပြည်သူ့ဆေးရုံ၊ ဝန်ထမ်းအိမ်ယာများ၊ ဓါတ်မှန်ဆောင်နှင့် အောက်စီဂျင် စက်ရုံတို့တွင် လျှပ်စစ်ဝါယာရိန်း ကောင်းမွန်မှု၊ မီးသတ်ဆေးဘူး ထားရှိမှုတို့အား စစ်ဆေးခဲ့ကြသည်။ ထို့နောက် ဝန်ထမ်းများကို မီးသတ်ဆေးဘူး အသုံးပြုပုံ ပညာပေးပြသခဲ့ပြီး မီးသတ်ဆေးဘူးများ တိုးမြှင့်ထားရှိရန် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)