သူနာပြုတက္ကသိုလ် (မန္တလေး)၏ (၂၆) ကြိမ်မြောက် ပထမနှစ် သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်) ကျောင်းသား/ကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပခြင်း

ချမ်းမြသာစည် ဖေဖော်ဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၂x၆၃ လမ်းကြား၊ ၁၀၄x၁၀၅ လမ်းကြား၊ သူနာပြုတက္ကသိုလ် (မန္တလေး)ရှိ တော်ဝင်သဇင်ခန်းမတွင် ယနေ့ နံနက် (၉) နာရီက ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ သူနာပြုတက္ကသိုလ် (မန္တလေး)၊  ပထမနှစ် သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်) ကျောင်းသား/ကျောင်းသူများအား မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရှိရသည်။

ပထမဦးစွာ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတွင် သူနာပြုတက္ကသိုလ် မောင်မယ်သစ်လွင်များမှ မင်္ဂလာပါသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး၊ မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုး‌အောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး မောင်မယ်သစ်လွင်များအား သူနာပြုတက္ကသိုလ် (မန္တလေး)၊  ဒုတိယနှစ် သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်)မှ ကျောင်းသား မောင်စိုင်းခန့်သူက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး‌နောက် မောင်မယ်သစ်လွင်များ ကိုယ်စား သူနာပြုတက္ကသိုလ် (မန္တလေး)၊  ပထမနှစ် သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်) ကျောင်းသား မောင်ငြိမ်းချမ်းဖြိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ဖျော်ဖြေရေး အစီအစဥ်များဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုး‌အောင်မှ ဖျော်ဖြေရေး ကျောင်းသား/ကျောင်းသူ အဖွဲ့များသို့ အလှူငွေကျပ်(၁၀)သိန်းကို ပေးအပ်လှူဒါန်းခဲ့ရာ သူနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်၀င်းစိန်နှင့် ကျောင်းသား/ကျောင်းသူများက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုး‌အောင်၊ တိုင်းတရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေစင်၊ လူမှုရေးရာဝန်ကြီး ဦးစိုးလွင်၊ တိုင်းဥပဒေချုပ် ဦးမြင့်အောင်၊ အစိုးရအဖွဲ့ရုံးအတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ မဟာအောင်မြေခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဝင်းရွှေ၊ မဟာအောင်မြေခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး သော်တာထွေး၊ သူနာပြုတက္ကသိုလ်ပါ‌မောက္ခချုပ် ဒေါ်ခင်ဝင်းစိန်နှင့် ဒုတိယပါ‌မောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ဆေးနှင့်ဆေးနှီးနွယ် တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယပါ‌မောက္ခချုပ်များ၊ ဌာနမှူးများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုညွှန်ချုပ်နှင့် ဌာနဆိုင်ရာ အကြီးအမှူးများ၊ တိုင်းအဆင့်/ဗဟိုအဆင့် ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ သူနာပြုအုပ်ကြီးများ၊ သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ ဌာနအသီးသီးမှ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ သူနာပြုတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ချမ်းမြေ့