ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ အသေးစားခြေတုပြုပြင်ရေးလုပ်ငန်းဆောင်ရွက်

ကျောက်ကြီး ဖေဖော်ဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ခြေတုအသေးစား ပြင်ဆင်ခြင်းလုပ်ငန်းကိုနေ့ချင်းပြီး “အခမဲ့” ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းအား ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး မင်းမြတ်ဘုန်းစီမံမှုဖြင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်ရေးဌာနသို့ ခြေတုအသေးစားပြင်ဆင်နိုင်ရေး သင်တန်းသွားရောက်တက်စေပြီး ကျောက်ကြီးမြို့နယ်အတွင်း ကိုယ်အင်္ဂါချို့တဲ့နေသူများ၊ မိုင်းဒဏ်ခံရသူများ၊ ခြေတုရရှိရေး၊ ခြေတုအသေးစားပြင်ဆင် ဆောင်ရွက်နိုင်ရေးလုပ်ငန်းအား စနေနေ့တိုင်း မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ နံနက် ၉ နာရီ အချိန်တွင် “အခမဲ့” ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်တွင် ခြေတုတပ်ဆင်ထားသူ အယောက် (၄၀၀) ကျော်ခန့်ရှိကြောင်း မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှသိရပြီး၊ ခြေတုအသစ်တပ်ဆင်လိုသူများအားလည်း လိုအပ်သည့် ကြိုတင်ပြင်ဆင်ဆောင်ရွက်သင့်သည့်များ လေ့ကျင့်ခန်းပြုလုပ်ရန် နည်းစနစ်များ ညွှန်ပြပေးခြင်းနှင့် ခြေတုလာရောက်ပြုပြင်သူများအား ခြေဖဝါး၊ ခြေအိပ်၊ ခါးပတ်ကြိုးများအား အခမဲ့ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်