သတင်းများ

ပလောက်မြို့တွင်(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရပ်ကွက်/ကျေးရွာအုပ်စု ဖိတ်ခေါ်အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jan 30,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရပ်ကွက်/ကျေးရွာအုပ်စု ဖိတ်ခေါ် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို  ယနေ့နံနက် ၇ နာရီအချိန်က  ပလောက်မြို့၊ မြို့မအားကစားဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
မုဒုံမြို့၌ မီးဘေးအန္တရာယ်ကင်းဝေးစေရေး အသိပေးနှိုးဆော်
Jan 30,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပြည်သူများအား မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရန် သတိပြုလိုက်နာဆောင်ရွက်ရမည့် အချက်များအား အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညက မြို့ပေါ်နှင့် ဘဲရမ်း၊ ကွမ်တာကျေးရွာများအတွင်းသို့ မီးသတ်ယာဥ်ဖြင့် လှည့်လည်ဆောင်ရွက်သည်။
သံတောင်ကြီးမြို့နယ်တွင် အသက်(၅၀)နှစ်အထက် နိုင်ငံဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Pfizer)ပဉ္စမအကြိမ်စတင်ထိုးနှံ
Jan 30,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရန်အတွက် အသက် (၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများနှင့်အသက် (၁၈)နှစ်အထက် နိုင်ငံ့ဝန်ထမ်းမိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer)စတင် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က  ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရပ်စောက်မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (ဗထူး) ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (၂/၂၀၂၄) အခြေခံရှေးဦးသူနာပြုစုခြင်းသင်တန်း ဆင်းပွဲ ပြုလုပ်
Jan 30,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (ဗထူး) တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (၂/၂၀၂၄) အခြေခံရှေးဦးသူနာပြုစုခြင်းသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆေးဝါးတက္ကသိုလ် (မန္တလေး) မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 30,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် တောတွင်ကျေးရွာအနီးရှိ ဆေးဝါးတက္ကသိုလ် (မန္တလေး) ပထမနှစ် (၁၁/၂၀၂၃) မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘက်စုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သထုံမြို့နယ်၌ ဥပ္ပါတသန္တိဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ ပိတ်ပွဲအခမ်းအနားကျင်းပ
Jan 30,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၏ စီမံမှုဖြင့် ကျင်းပပြုလုပ်ခဲ့သည့် မြို့နယ်လုံးဆိုင်ရာ ဥပ္ပါတသန္တိဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ၊ ပွိတ်ပွဲအခမ်းအနားကို ယနေ့နံနက်က အောက်ကျင်းရပ်ကွက်ရှိ ဗူးဘုရားစေတီ‌တော် ပရိဝုဏ်အတွင်း၌ ကျင်းပပြုလုပ်သည်။
ပုဗ္ဗသီရိမြို့နယ်၌ ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ
Jan 30,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် အမှတ် (၁) ရပ်ကွက်၊ ပိတောက်လမ်းဘေးတွင် ရွှေပန်းခင်းကုမ္ပဏီလိမိတက်မှ စုစည်းကျင်းပသော ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ယမန်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပလျက် ရှိကြောင်း သိရသည်။
ဒလမြို့နယ်တွင် နေအိမ်များမီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Jan 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်များမီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က စက်မြေရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြသည်။