သတင်းများ

ရပ်စောက်မြို့ မြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်
Jan 30,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးဦးစီး ဌာနတို့ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့မဈေးအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များ သက်တမ်းတိုး/ဈေးပြိုင်လေလံရောင်းချခြင်း အခမ်းအနားကျင်းပ
Jan 30,2024
လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာန ၂၀၂၄ -၂၀၂၅ ခု ဘဏ္ဍာရေးနှစ် (၁)နှစ်တာ ကာလအတွင်း အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များ သက်တမ်းတိုး/ဈေးပြိုင်လေလံစနစ်ဖြင့် စိစစ်ရောင်းချသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က လားရှိုးမြို့နယ် စည်ပင်သာယာဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည် ။
မင်းလှမြို့နယ်တွင် ကျောင်းအခြေပြု KGကျောင်းသား/သူများအား ဆုံဆို့ - မေးခိုင်ကာကွယ်ဆေး ထိုးနှံခြင်းအစီအစဥ် ဆောင်ရွက်
Jan 30,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက (KG) တန်းတွင် တက်ရောက်နေသော ကျောင်းသား/သူများကို ကျောင်းအခြေပြု ဆုံဆို့ - မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ကို ယနေ့ နံနက် ၉ နာရီချိန်က အ.ထ.က(မင်းလှ) မြို့တွင်းကျောင်းတွင် စတင်ဆောင်ရွက်ခဲ့သည်။
စေတုတ္တရာမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Jan 30,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် စေတုတ္တရာမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့ညနေ၅နာရီအချိန်က မော်တော်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကာလိမြို့၌ နယ်လှည့်စာကြည့်တိုက် စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းခြင်း လုပ်ငန်းဆောင်ရွက်
Jan 30,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတများရရှိစေရန်နှင့် စာပေဖတ်ရှုလေ့လာ တက်စေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာမူလတန်း လွိုင်ချိုကျောင်း တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Jan 30,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက အဆိုပါကျောင်းရှိ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်၌ တစ်ပိုင်တစ်နိုင်မိသားစု ဝင်ငွေတိုးစေသည့် အညာဒေသထွက် ဆီးသီး
Jan 30,2024
မကွေးတိုင်းဒေသကြီး အညာဒေသတခွင်ရှိ ယာခင်းချောင်းခင်းများ၊ လယ်ယာများပေါ်တွင် အလေ့ကျပေါက်သည့် ဆီးသီးများ ကောက်ယူရောင်းချကြသူများ တစ်ပိုင်တစ်နိုင်မိသားစု ဝင်ငွေတိုးကာ အဆင်ပြေလျက်ရှိသည်။
လိပ်သိုမြို့ လမ်းဦးစီးဌာနမှ သံမိုးတောင်-ပိန်းသီလာလမ်းပိုင်းတွင် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီး
Jan 30,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ လမ်းဦးစီးဌာနသည် လမ်းများ ကာလတာ ရှည်ခံအသုံးပြုနိုင်ရန် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ အသစ်တည်ဆောက်ပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ သံမိုးတောင်-ပိန်းသီလာ လမ်းပိုင်းရှိ လိုအပ် သောနေရာများတွင် Box Culvert (တံတားငယ်လေး)များ (၄) ခု အသစ်တည်ဆောက်ပေးခြင်း၊ လမ်းပေါက်များ ဖာထေးခြင်း၊ ရေပိတ်လွှာ နိမ့်မြင့်ညှိ ကတ္တရာခင်းခြင်းလုပ်ငန်းများမှာ ယခုအခါ ပြီးစီးသွားပြီဖြစ်၍ ဒေသနေပြည်သူများ သွားလာသယ်ယူပို့ဆောင်မှု ပိုမိုအဆင်ပြေလျက်ရှိကြောင်း သိရသည်။