ပုဗ္ဗသီရိမြို့နယ်၌ ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

ပုဗ္ဗသီရိ ဇန်နဝါရီ ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် အမှတ် (၁) ရပ်ကွက်၊ ပိတောက်လမ်းဘေးတွင် ရွှေပန်းခင်းကုမ္ပဏီလိမိတက်မှ စုစည်းကျင်းပသော ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ယမန်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပလျက် ရှိကြောင်း သိရသည်။

အဆိုပါ ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို MSME အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းမှ ဦးဆောင်၍ MSME ဆိုင်ခန်း (၁၀)ခန်း၊ အပြင်ဆိုင်ခန်း (၁၅) ခန်းတွင် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်၊ အစားအသောက်ပစ္စည်းမျိုးစုံ အရောင်းဆိုင်နှင့် ကလေးကစားစရာ အရောင်းဆိုင်များ၊ အပျော်စီးဖြစ်သော ချား၊ ရဟတ်၊ ပင်လယ်ဓားပြများဖြင့် ဇန်နဝါရီလ (၂၇)ရက်နေ့မှ ဖေဖော်ဝါရီလ(၂)ရက်နေ့အထိ (၇)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)