သထုံ ဇန်နဝါရီ ၃၀
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် ကျင်းပပြုလုပ်ခဲ့သည့် မြို့နယ်လုံးဆိုင်ရာ ဥပ္ပါတသန္တိဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ၊ ပွိတ်ပွဲအခမ်းအနားကို ယနေ့နံနက်က အောက်ကျင်းရပ်ကွက်ရှိ ဗူးဘုရားစေတီတော် ပရိဝုဏ်အတွင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး သထုံမြို့၊ သဒ္ဒမဇောတိကာရာမကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဗဟိုသံဃာ့ဝန်ဆောင် ဘန္ဒန္တသုမနာဘိဝံသထံမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်အပေါင်းတို့က သီလခံယူဆောက်တည်ကြကာ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည့် ပရိတ်တရားတော်များကို နာကြားခဲ့ကြသည်။
ယင်းနောက် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဗူးဘုရားစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်တို့က ဆရာတော်သံဃာတော်များထံ လှူဖွယ်များဆက်ကပ်လှုဒါန်းကြကာ သဒ္ဒမဇောတိကာရာမကျောင်းတိုက်ထံမှ အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုတို့အတွက် ရေစက်သွန်ချအမျှပေးဝေ၍ ဒေသနာတော်ရွတ်ဖတ်ပူဇော်ပွဲအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ပိတ်သိမ်းခဲ့ကြသည်။
သထုံမြို့နယ်၌ အဆိုပါ ဥပ္ပါတသန္တိဒေသနာတော် ရွတ်ဖတ်ပူဇော်ခြင်းကို ဇန်နဝါရီ (၂၆) ရက်နေ့မှ (၃၀) ရက်နေ့အထိ (၅) ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)