ဟင်္သာတမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ဟင်္သာတ ဇန်နဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ဥယျဥ်မြောက်ရပ်ကွက်ရှိ ပဒေသာစျေးနှင့် ဌေးဝင်းစျေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက အဆိုပါနေရာများတွင် လိုက်လံအသိပညာပေး၍ သက်ဆိုင်ရာပူးပေါင်းအဖွဲ့များမှ ဝေငှခဲ့ကြသည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ခြင်းကို ဘေးစီမံဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ကြက်ခြေနီအဖွဲ့တို့ပူးပေါင်းပြီး မီးဘေးနှင့်သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်များ လိုက်လံပေးဝေခဲ့ကြပြီး ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းအား မြို့နယ်မီးသတ်စခန်းတာဝန်ခံ ဦးတင်မောင်ထွေး ဦးဆောင်သောအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းကော်မတီအဖွဲ့ဝင်များဖြင့် ပူးပေါင်းစစ်ဆေးခဲ့ကြသည်။

အလားတူပင် မြို့ပေါ်ရပ်ကွက်ရှိ တည်းခိုခန်းများ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းအား မြို့နယ်မီးသတ်စခန်း တာဝန်ခံဦးဆောင်၍ မြို့နယ်ထွေအုပ်၊ မြို့နယ်လျှပ်စစ်ဌာနနှင့် မြို့နယ်စည်ပင်ဌာနတို့ ပူးပေါင်း၍စစ်ဆေးခဲ့ပြီး မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ပြည့်စုံလုံလောက်စွာထားရှိရေးတို့ကို လိုက်လံစစ်ဆေးအသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)