မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ အပြီးသတ်ထုတ်ချေးပြီးစီး

မင်းလှ ဇန်နဝါရီ ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံစိုက်တောင်သူများ စိုက်ပျိုး‌ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေး ငွေများကိုထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်အပြီးသတ်ထုတ်‌ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။

စိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုး‌ရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာဦးအောင်မြတ်မိုးနှင့်ဝန်ထမ်းများက ဆောင်းသီးနှံစပါးစိုက်တောင်သူများအား စိုက်ပျိုး‌စရိတ်ချေးငွေများကို အောက်တိုဘာလအတွင်းမှစတင်၍ ထုတ်ချေးပေးလျက်ရှိရာ ယနေ့‌နောက်ဆုံးအုပ်စုများဖြစ်သည့် သရော(ဂျီ)၊ ထောက်ကြန့်၊ ကြို့ကုန်း(၁)အုပ်စုတို့မှ လူဦးရေ(၅၂)ဦး၏ လယ်မြေ(၃၂၇)ဧကအတွက် တစ်ဧကလျှင်တစ်သိန်းနှုန်းဖြင့် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေ(၃၂,၇၀၀,၀၀၀)ကျပ်အား အဆင်ပြေချောမွေ့စွာထုတ်ချေးပေးနိုင်ခဲ့သည်။

မင်းလှမြို့နယ်တွင် ကျေးရွာအုပ်စု(၅၄)အုပ်စုမှ ဧကပေါင်း(၂၈၂၃၈) ဧကအတွက်၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းသီနှံစိုက်ပျိုးစရိတ်ချေးငွေပေါင်း (၂,၈၂၃,၈၀၀,၀၀၀)ကျပ်အား ထုတ်ချေးပေးခဲ့ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုး‌ရေးဘဏ်ခွဲမှ သိရသည်။

ပေါက်စ (မင်းလှ)