မင်္ဂလာတောင်ညွန့် ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ ယနေ့နံနက်(၉း၀၀)နာရီက သပြေကုန်းရပ်ကွက်အတွင်း မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် မီးသတ်တပ်ဖွဲ့ဝင်များမှ ရပ်ကွက်အတွင်းရှိ ပြည်သူများအား လျှပ်စစ်မီးသုံးစွဲမှုစနစ်တကျဖြစ်စေရေး၊ အရေးပေါ်မီးလာင်မှုဖြစ်ပွားပါက စနစ်တကျဆောင်ရွက်ရေး၊ အထပ်မြင့်တိုက်များတွင်နေထိုင်သော ပြည်သူများအနေဖြင့် မီးလောင်မှုဖြစ်ပွားပါက ဘေးကင်းရာသို့ လွတ်မြောက်ထွက်ခွာနိုင်ရေး၊ အိမ်တိုင်းတွင် ရှေးဦးမီးငြှိမ်းသတ်ရေးပစ္စည်းများ ဆောင်ထားရေးအပါအဝင် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာများအားစစ်ဆေး၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစစ်ဆေးခြင်းများဆောင်ရွက်ရာတွင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၇)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅)ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များဖြင့် စစ်ဆေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)