ငါန်းဇွန် ဇန်နဝါရီ ၂၉
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ပြည်သူ့ဆေးရုံကြီး၌ ယနေ့နံနက် ၉ နာရီအချိန်က အငြိမ်းစား နိုင်ငံ့ဝန်ထမ်းအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်း အစီအစဉ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစိုးမိုးအောင်နှင့် ကျန်းမာ ရေးဝန်ထမ်းများက ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ကုသမှုခံယူကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်း(၄၀)ဦးအား (အခမဲ့) ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေးကြရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဉက္က ဒေါ်မြင့်မြင့်ခိုင်နှင့် အသင်း/အဖွဲ့ဝင်များက လိုအပ်သည်များ ပူးပေါင်းကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။
အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းအစီအစဉ်ကို ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ လစဉ် ၂၁ ရက်နေ့တိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)