ကန်ကြီးထောင့် ဇန်နဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ တောင်သူများထံသို့ ၂၀၂၃ ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများအား အောက်တိုဘာလ ၁၃ ရက်နေ့မှ စတင်ထုတ်ချေးခဲ့ရာ ဇန်နဝါရီလ ၂၉ ရက်နေ့အထိ ၁၀၀ ရာခိုင်နှုန်း ထုတ်ချေးပြီး ဖြစ်ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၃ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများအား အောက်တိုလ ၁၃ ရက်နေ့တွင် စတင်ထုတ်ချေးခဲ့ပြီး ဇန်နဝါရီလ ၂၉ ရက်နေ့တွင် တောင်သူ (၁၉၇၇)ဦး၏ လယ်ဧက (၁၂၀၀၀) ဧကအတွက် ထုတ်ချေးငွေ ကျပ်သိန်း (၁၈၀၀၀) အား ထုတ်ချေးခဲ့ပြီးဖြစ်ကြောင်း၊ ကန်ကြီးထောင့် မြို့နယ်တွင်ရပ်ကွက် (၇) ခု၊ ကျေးရွာအုပ်စု(၇၃)အုပ်စု၊ ကျေးရွာခွဲ(၃၈၆)ရွာရှိရာ ၂၀၂၃ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေအား တောင်သူ(၂၀၀၀)ဦး၏ လယ်ယာမြေ ဧက (၁၂၀၀၀)၊ ချေးငွေကျပ်သိန်း (၁၈၀၀၀) အား ထုတ်ချေးရန် လျာထားထားရှိပြီး ယနေ့အထိ ၁၀၀ ရာခိုင်နှုန်း ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)