သတင်းများ

ဒိုက်ဦးမြို့ပေါ်ရပ်ကွက် လူဦးရေအိမ်ထောင်စုစာရင်းစစ်ဆေးကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်
Jan 29,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူးဦးကျော်စိုးမိုးနှင့်ဝန်ထမ်းများအဖွဲ့က ယနေ့တွင် အမှတ်(၇)စက်ကွင်းရပ်ကွက်၌ လူဦးရေအိမ်ထောင်စုစာရင်းစစ်ဆေးကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။
မြောင်းမြမြို့၌ မီးသတ်ဦးစီးဌာနမှ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
Jan 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မီးသတ်ဦးစီးဌာနမှ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားအား မြို့နယ်မီးသတ်စခန်း၌ ယနေ့နံနက် (၉:၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ချောက်မြို့မ​စျေး၌ ပလတ်စတစ်​လျှော့ချ​ရေး ကွင်းဆင်းစစ်​ဆေး​ဆောင်ရွက်
Jan 29,2024
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့မ​စျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ ​အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များမသုံးစွဲရေးနေ့ သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ချောက်မြို့မ​စျေးတွင် ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်​ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုတ်ပိုးသုံးစွဲ​စေ​ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ပုဗ္ဗသီရိမြို့နယ်၊ ဈေးကုန်းကျောင်းတိုက်၌ ကျင်းပပြုလုပ်သည့် အသံမစဲဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနား တက်ရောက်ကြည်ညို
Jan 29,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ အသံမစဲဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျည်တောင်ကန်(၁)ရပ်ကွက်၊ ဈေးကုန်းကျောင်းတိုက်၌ ကျင်းပရာ ပုဗ္ဗသီရိမြို့နယ်၊ မြို့နယ်သံဃနာယကအဖွဲ့ဝင် တံခွန်တိုင်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တသောဘဏမဟာထေရ်မြတ် အမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
မရမ်းကုန်းမြို့နယ်တွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲ ကျင်းပ
Jan 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူ‌‌‌ထောင်ရေးဦးစီးဌာန၊ မူးယစ်‌‌ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်) Drug Training Center တွင် ယနေ့နံနက် ၉ နာရီက မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်၌ ခရိုင်အဆင့် မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jan 29,2024
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ လယ်တီကွင်းရပ်ကွက်၊ အင်္ဂပိုလမ်းရှိ ဟင်္သာတခရိုင် မီးသတ်စခန်း၊ အစည်းအဝေးခန်းမ၌ ခရိုင်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေ ကယ်ဆယ်ရေး (မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က အဆိုပါ နေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်
Jan 29,2024
သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ပြည်သူများမီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် တစ်အိမ်တက်ဆင်း မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့၌ မော်တော်ဆိုင်ကယ်အခြေခံပြုပြင်ထိန်းသိမ်းနည်းသင်တန်း(၁/၂၀၂၄)ဖွင့်လှစ်
Jan 29,2024
ပဲခူးတိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် မော်တော်ဆိုင်ကယ်အခြေခံပြုပြင်ထိန်းသိမ်းနည်းသင်တန်း(၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၂၉)ရက်နေ့နံနက်ပိုင်းက ပဲခူးမြို့ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။