မုဒုံ ဇန်နဝါရီ ၂၉
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က (၁) ကျောင်းရှိ ရှင်အရဟံခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြို့နယ်ပညာရေးကဏ္ဍ အဖက်ဖက်မှ တိုးတက်မြင့်မားလာစေရေးအတွက် ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရေးဝန်ထမ်းများအနေဖြင့်လည်း မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယကြီးစွာ မနားမနေကြိုး စားအားထုတ် သင်ကြားပေးသွားရန် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူးက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဘက်စုံလူရည်ချွန်၊ ပညာရည်ချွန်၊ ကာယ၊ ဉာဏပြိုင်ပွဲများတွင် ထူးချွန် စွာဆုရရှိခဲ့ကြသည့် ကျောင်းသား/ သူများကို တာဝန်ရှိသူများက ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းများ အသီးသီးပေးအပ်ချီးမြှင့်ပြီး ကျောင်းသား/ သူများက တေးသရုပ်ဖော် ရိုးရာယဥ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)