သတင်းများ

ဒလမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်
Jan 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မီးဘေးအန္တရာယ်လျော့နည်းစေရန်နှင့် ပြည်သူများ၏ အသက်အိုးအိမ်များပျက်စီးဆုံးရှုံးမှုမရှိစေရေး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသံချဲ့စက်များဖြင့် အသိပညာပေးခြင်းများကို ယမန်နေ့ညနေ(၆)အချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ကားဖြင့်ရပ်ကွက်များသို့ လိုက်လံအသိပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြသည်။
ရွှေဘိုမြို့၌ (၇၇)နှစ်​မြောက် ပြည်​ထောင်စု​နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲကျင်းပ
Jan 29,2024
စစ်ကိုင်းတိုင်း​ဒေသကြီး၊​ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် (၇၇)နှစ်မြောက်ပြည်​ထောင်စု​နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အဆင့် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၂) အ​​ခြေခံပညာအထက်တန်းကျောင်း​ရွှေရတုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရ သည်။
ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာ၌ စာကြည့်တိုက်လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပဉ္စမအကြိမ် စာကြည့်တိုက်လုပ်ငန်းစဉ်ပြိုင်ပွဲ ကျင်းပ
Jan 29,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာတွင် ကျေးရွာစာကြည့်တိုက်လုပ်ငန်းကော်မတီမှ စာကြည့်တိုက်လုပ်ငန်းများ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြီးမှူးကျင်းပသည့် ပဉ္စမအကြိမ်မြောက် စာကြည့်တိုက်လုပ်ငန်းစဉ်ပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါကျေးရွာရှိ မေတ္တာရင်ခွင်စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
တိုင်းဒေသကြီးအဆင့် မကျန်းမာသောမွေးကင်းစကလေးနှင့် ကလေးပေါင်းစည်းကုသခြင်းလုပ်ငန်း (အသက် (၂) လမှ (၅) နှစ်အထိ) ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Jan 29,2024
ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့် မကျန်းမာသောမွေးကင်းစကလေးနှင့် ကလေးပေါင်းစည်းကုသခြင်းလုပ်ငန်း (အသက် (၂) လမှ (၅) နှစ်အထိ) ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ဥတ္တရသီရိမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေး
Jan 29,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအား ပူပြင်းခြောက်သွေ့သောရာသီ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်လံစစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။ 
နာဂဒေသလဟယ်မြို့တွင် ပဉ္စမအကြိမ်မြောက် ဓမ္မစကူးလ်သင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲကျင်းပ
Jan 29,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မြတ်ဗုဒ္ဓ၏ တရားဓမ္မများကို သင်ယူနေကြသော ကျောင်းသား/သူများအား ပဉ္စမအကြိမ်မြောက် သင်တန်းဆင်း အောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၃)နာရီအချိန်က ဗဟို သာသနာပြုကျောင်းဝန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
တကောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်
Jan 29,2024
မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဇန်နဝါရီလ ၁၆ ရက်နေ့၊ နံနက် (၁၁)နာရီက စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် ရွှေရောင်လွှမ်းတဲ့ အခွင့်အလမ်းများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကာကွယ်တားဆီးရေးအသိပညာပေးဟောပြေပွဲနှင့် လက်တွေ့သရုပ်ပြသ
Jan 29,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေးနှင့် မီးဘေးအသိ၊ မီးဘေးသတိရှိစေရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။