ဟင်္သာတမြို့နယ်၌ ခရိုင်အဆင့် မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဟင်္သာတ ဇန်နဝါရီ ၂၉

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ လယ်တီကွင်းရပ်ကွက်၊ အင်္ဂပိုလမ်းရှိ ဟင်္သာတခရိုင် မီးသတ်စခန်း၊ အစည်းအဝေးခန်းမ၌ ခရိုင်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေ ကယ်ဆယ်ရေး (မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က အဆိုပါ နေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် မီးသတ်ဦးစီးမှုးကိုယ်စား ယာယီတာဝန်ခံ ဦးစီးအရာရှိ ဦးရန်လင်းထွဋ်က ယခုလို မိမိတို့ ခရိုင်မြို့နယ်အတွင်းမှာရှိတဲ့ ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်များကို စုစုရုံးရုံးနဲ့ တွေ့ရှိရတဲ့အတွက် များစွာ ဂုဏ်ယူမိပါကြောင်း၊ မီးသတ်တပ်ဖွဲ့၏ အဓိကရည်မှန်းချက် တာဝန်ကြီး(၄)ရပ်ဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို  မိမိတို့ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်၏ ညွန်ကြားချက်များနှင့် အညီအရှိန်အဟုန်မြှင့် ပိုမိုပူး​ပေါင်းဆောင်ရွက် ပေးနိုင်ရန် အတွက် ယခုလို လေ့ကျင့်ရေး မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်း ကာလအတွင်း နည်းပြဆရာများ၏ စာတွေ့လက်တွေ့ လေ့ကျင့်ခန်းများကို ကြိုးစားသင်ယူကြစေလိုကြောင်း၊ ရပ်ရွာပြည်သူလူထု၏ အားကိုးယုံကြည် တန်ဖိုးထားလောက်သော အဖိုးတန် ရှာဖွေကယ်ဆယ်ရေး မီးသတ်သမား ကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း စသည်ဖြင့် သင်တန်းဖွင့် မိန့်ခွန်းပြောကြားခဲ့ပြီး သင်တန်းတွင် သင်ကြားပို့ချပေးမည့် ဘာသာရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဦးစီးအရာရှိ ဦးရဲနောင်ဝင်းမှ ရှာဖွေကယ်ဆယ်ရေး သင်တန်းသားများအား တူညီဝတ်စုံများ ပေးအပ်ခဲ့ရာ အားလုံးကိုယ်စား သင်တန်းသားတစ်ဦးမှ လက်ခံရယူခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဟင်္သာတခရိုင် မီးသတ်ဦးစီးဌာန၊ ယာယီခရိုင်မှူး ဦးစီးအရာရှိ ဦးရန်လင်းထွဋ်နှင့် တပ်ဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ် မီးသတ်စခန်းတာဝန်ခံ ဒုဦးစီးမှူး ဦးတင်မောင်ထွေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လေးမျက်နှာမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးရဲနောင်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်းသားများ စုစုပေါင်း အင်အား (၇၅)ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းအား ၂၉.၁.၂၀၂၄ ရက်နေ့မှ ၂၃.၂.၂၀၂၄ ရက်နေ့အထိ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား(၅၀)ဦးဖြင့် စာတွေ့/လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)