ဒိုက်ဦးမြို့ပေါ်ရပ်ကွက် လူဦးရေအိမ်ထောင်စုစာရင်းစစ်ဆေးကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်

ဒိုက်ဦး ဇန်နဝါရီ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူးဦးကျော်စိုးမိုးနှင့်ဝန်ထမ်းများအဖွဲ့က ယနေ့တွင် အမှတ်(၇)စက်ကွင်းရပ်ကွက်၌ လူဦးရေအိမ်ထောင်စုစာရင်းစစ်ဆေးကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

အဆိုပါလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးအတွက် အကြိုလုပ်ငန်းဖြစ်သည့် အဆောက်အဦစာရင်း မှတ်တမ်းတင်ခြင်းလုပ်ငန်းအား မတ်လ ၃၁ ရက်နေ့အထိ သတ်မှတ်ကောက်ကွက်များဖြစ်သည့် မြို့ပေါ်ရပ်ကွက် ၉ ရပ်ကွက်လုံး၌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးကပြောကြား‌ပေးခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)