သင်္ဃန်းကျွန်း ဇန်နဝါရီ ၂၉
သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ပြည်သူများမီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် တစ်အိမ်တက်ဆင်း မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် သင်္ဃန်းကျွန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသီဟဇော်ဦးဆောင်၍ ရန်အောင်ရပ်ကွက်အတွင်းရှိ မိဘ၊ လုပ်သား၊ ပြည်သူများ မီးလန့်မှု/မီးလောင်မှုများမဖြစ်ပေါ်စေရေ မီးချိတ်မီးကတ်၊ သဲပုံး၊ ရေပုံးများစစ်ဆေးခြင်း၊ မီးသုံးစွဲရာတွင် ဆောင်ရန်ရှောင်ရန်များ စသည့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန်းအောင်