မြောင်းမြမြို့၌ မီးသတ်ဦးစီးဌာနမှ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

မြောင်းမြ   ဇန်နဝါရီ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မီးသတ်ဦးစီးဌာနမှ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားအား မြို့နယ်မီးသတ်စခန်း၌ ယနေ့နံနက် (၉:၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အသက်ကယ်မျှော်စင်မှ "ရဲဝံ့စွန့်စား မီးသတ်သမား" စာတန်းအား ရိုးရိုးကြိုးဆင်နည်းဖြင့် သရုပ်ပြခြင်း၊ အသက်ကယ် ရှဉ့်ကူးနည်း၊ အသက်ကယ် မျောက်ကူးနည်း၊ အသက်ကယ် အထပ်မြင့်မှ ဇောက်ထိုးဆင်းနည်းများအား သရုပ်ပြသခဲ့သည်။ ထို့နောက် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို မြောင်းမြ၊ ဝါးခယ်မ၊ အိမ်မဲမြို့တို့မှ သ‌န္ဓေတပ်ဖွဲ့ဝင် သင်တန်းသား(၅၀)ဦးဖြင့် ဇန်နဝါရီ ၂၉ ရက်နေ့မှ ဖေဖော်ဝါရီ ၂၃ ရက်နေ့အထိ ရက်သတ္တပတ် (၃)ရက်အအကြာ ဖွင့်လှစ်သင်ကြားမှာဖြစ်ပြီး နည်းပြဆရာ ဒုတိယမြို့နယ်ဦးစီးမှူး ဦးဟိန်ထက်‌အောင်၊ လက်ထောက်ဦးစီးမှူး ဦးသီဟကိုကိုနှင့် ဦးနေဆန်းလင်းတို့မှ စာ‌တွေ့/လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)