တန့်ယန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကာကွယ်တားဆီးရေးအသိပညာပေးဟောပြေပွဲနှင့် လက်တွေ့သရုပ်ပြသ

တန့်ယန်း ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေးနှင့် မီးဘေးအသိ၊ မီးဘေးသတိရှိစေရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အဆိုပါ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝေဖြိုးလွင်က မီးဘေးအန္တရာယ်ကာကွယ်တားဆီးရေးနှင့် မီးဘေးအသိ၊ မီးဘေးသတိရှိစေရေးအတွက် မီးပေါ့ဆမှုမရှိစေရေး၊ ကြိုတင်ကာကွယ်ရေး၊ မီးဘေးအန္တရာယ်ကြုံတွေ့ပါက ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များကို ပရိုဂျက်တာဖြင့် အသေးစိတ် ရှင်းလင်းဟောပြောသည်။

ယင်းနောက် မီးဘေးအန္တရာယ်ကာကွယ်တားဆီးရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်နည်းများကို မြို့နယ်ဦးစီးမှူး ဦးဝေဖြိုးလွင်နှင့်ဝန်ထမ်းများက လက်တွေ့သရုပ်ပြသရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းမန်၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။                                          

မင်းလွင်ဦး(ပြန်/ဆက်)